The network connection is lost.

Banner Image

ယူနိုက်တက်ကို တစ်ယောက်လျော့နဲ့အနိုင်ရခဲ့တဲ့အပေါ် ခံစားချက်တွေဖွင့်ဟလာတဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်

အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်က ယူနိုက်တက်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တစ်လျှောက်လုံး အာရုံစူးစိုက်ထားခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်အစောပိုင်းမှာ ဂူယီအထုတ်ခံခဲ့ရလို့ အဲဗာတန်တို့ ၁၀ယောက်တည်းနဲ့ ကစားခဲ့ရပေမဲ့ ပစ်ဖို့ဒ်ရဲ့လက်စွမ်းပြမှုတွေနဲ့အတူ အိုးထရက်ဖို့ဒ်မှာ အဖိုးတန်နိုင်ပွဲရခဲ့ပါတယ်။

ပစ်ဖို့ဒ်က"ဒီကိုလာပြီး ရလဒ်ကောင်းရဖို့ ခက်ခဲပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ဒီမှာ ကျွန်တော့်အတွက် ပထမဆုံးနိုင်ပွဲလို့ ထင်ပါတယ်။ ဒါကြောင့်ကောင်းပါတယ်။ ကြိုးစားအားထုတ်ပြီး ဒီလိုရလဒ်ရတာ တကယ်ကောင်းပါတယ်။ အစကတော့ (အနီကတ်ဖြစ်ရပ်ကို) မမြင်လိုက်ပါဘူး။ ဒါပေမဲ့ အိုင်ဒရစ်ဆာက နောက်ပိုင်းမှာ တောင်းပန်ခဲ့ပြီး မေ့လိုက်ပါပြီ။ ကျွန်တော်တို့ နိုင်ပွဲအပေါ် အာရုံစိုက်ပြီး ဒီလိုသေးငယ်တဲ့ကိစ္စလေးတွေကို အာရုံစိုက်နေမှာ မဟုတ်ပါဘူး - နိုင်ပွဲအပေါ် အာရုံစိုက်ပြီး ပျော်ရွှင်နေမှာပါ။

ပွဲတွေမှာ ကြိုးစားအားထုတ်ရမယ့် အခိုက်အတန့်တွေ ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ တစ်ပတ်အတွင်း လေ့ကျင့်ခန်းဆင်းတဲ့အခါ တစ်ယောက်လျော့အနေအထားနဲ့ ကစားရတဲ့ အခြေအနေတွေကို လေ့ကျင့်ဖူးပါတယ်။ ကျွန်တော်တို့အတွက် ကြီးမားတဲ့ နိုင်ပွဲပါပဲ။ လူစားဝင်ကစားသမားတွေ ဝင်လာပြီး ကြီးမားတဲ့ သက်ရောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ် - ပါဝင်ပတ်သက်သူတိုင်းကို ဂုဏ်ပြုပါတယ်။"လို့ ပြောခဲ့ပါတယ်။

သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပစ်ဖို့ဒ်က "ကျွန်တော် ပွဲချိန်တစ်လျှောက်လုံး အာရုံစူးစိုက်ထားခဲ့ပြီး ဒီလိုစွမ်းဆောင်ရည်မျိုးနဲ့ ကာကွယ်မှုမျိုးရဖို့ နေ့တိုင်း လေ့ကျင့်ရေးကွင်းမှာ ကြိုးစားလုပ်ကိုင်ပါတယ်။ "ဒီလိုစွမ်းဆောင်ရည်မျိုးနဲ့ clean sheet ရယူနိုင်တာ (နောက်ထပ်တစ်ကြိမ်၊ အခုဆိုရင် နှစ်ပွဲဆက်တိုက်ပါပဲ) က အဲဗာတန်နည်းလမ်းပါပဲ။ကောင်လေးတွေက ကျွန်တော့်ကို ဒုက္ခမရောက်အောင် တစ်ခါတလေ ကူညီပေးသလို ကျွန်တော်ကလည်း သူတို့ကို တခြားအချိန်တွေမှာ ကူညီပေးပါတယ်။ ဒါက အသင်းလိုက်ကစားနည်းရဲ့ အစိတ်အပိုင်းပါပဲ"လို့ ပြောခဲ့ပါတယ်။