
အာဆင်နယ်နဲ့ ရင်ဆိုင်တဲ့အခါ နည်းဗျူဟာရွေးချယ်ခဲ့တဲ့ နောက်ကွယ်က အကြောင်းကို ပြောကြားလိုက်တဲ့ နူနိုဆန်းတို့စ်
အာဆင်နယ်ဟာ စီးတီးဂရောင်းမှာ ဂိုးမရှိ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ လီဗာပူးနဲ့ ပိုမိုကွာဟသွားခဲ့ပါတယ်။ အဲဒီပွဲမှာ သူတို့ဟာ ဂိုးပေါက်သို့ ကန်သွင်းမှု ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ ဆာကာ၊ ဟာဗက်ဇ်၊ ဂျီးဆပ်စ်နဲ့ မာတီနယ်လီတို့လို ကစားသမားတွေ မပါဝင်နိုင်တဲ့အခါ ကွင်းလယ်ကစားသမား မာရီနိုကို တိုက်စစ်မှာ တာဝန်ပေးခဲ့ရပြန်ပါတယ်။
စပိန်သားဖြစ်တဲ့ မယ်ရီနိုဟာ အားကုန်ကြိုးစားပြီး ကစားခဲ့ပေမယ့် အိမ်ရှင်ဖြစ်တဲ့ ဖောရက်စ်ရဲ့ ခံစစ်ကို ဖရိုဖရဲဖြစ်အောင် လုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဖောရက်စ်ရဲ့ခံစစ်ဟာ အာဆင်နယ်ရဲ့ထိုးဖောက်မှုကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ခဲ့ပါတယ်။ဖောရက်စ်ဟာ လက်ရှိ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အာဆင်နယ်နဲ့ ၆ မှတ်အကွာမှာ ရှိနေပါတယ်။ ဒီရာသီမှာ သူတို့ဟာ ခံစစ်မှာ ၅ ယောက်တန်းနဲ့ ကစားတဲ့ နည်းဗျူဟာကို တချို့ပွဲတွေမှာ သုံးခဲ့ပြီး မကြာသေးခင်က ဘရိုက်တန်ကို ၇-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အဲဒီနည်းဗျူဟာကက အတော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် တိုက်စစ်မှာ အဓိကကစားသမား မရှိတဲ့ အာဆင်နယ်ကို ရင်ဆိုင်ရတဲ့အခါ နူနိုက သူတို့အသင်းမှာ ခံစစ်အတွက် အပိုကစားသမား ထပ်မထည့်ဖို့ လိုမယ်လို့ မခံစားခဲ့ပါဘူး။အကြောင်းကတော့ အာဆင်နယ်ရဲ့ အန္တရာယ်အရှိဆုံး တိုက်စစ်ကစားသမားတွေ အများကြီး မပါဝင်နိုင်တာကြောင့်ပါ။ "အာဆင်နယ်မှာ တိုက်စစ်မှူး မရှိဘဲ မာရီနိုက အဲဒီနေရာမှာ ကစားနေရတော့ ခံစစ်မှာပိုထပ်ထည့်ဖို့ လိုမယ်လို့ မထင်ပါဘူး" "ဒါကြောင့် ကွင်းလယ်မှာ အင်အားပိုများလာမှာမို့ ကွင်းလယ်ကို ထိန်းဖို့ပဲ အာရုံစိုက်ရမှာပါ" လို့ နူနိုက ပြောပါတယ်။
အာတီတာအတွက်ကတော့ သူ့အသင်းရဲ့ ဂိုးသွင်းအားနည်းမှုကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ခေါင်းကိုက်စရာ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဇန်နဝါရီမှာ ကစားသမား မဝယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အခု အကြီးမားတဲ့ အမှားတစ်ခုလို ဖြစ်နေပါတယ်။ ဆာကာနဲ့ မာတီနယ်လီတို့ဟာ နိုင်ငံတကာပွဲစဉ်များအပြီး ပြန်ကစားနိုင်ပေမယ့် ဟာဗက်ဇ်နဲ့ ဂျီးဆပ်စ်တို့က ဒီရာသီကုန်ထိ ကစားလို့မရတော့တာမို့ အာဆင်နယ်ဟာ တိုက်စစ်မှူး အစစ်မရှိဘဲ ဆက်လက် ရုန်းကန်ရတော့မှာပါ။
ဝါရင့်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက နောက်ထပ် စိတ်ပျက်စရာ ရလဒ်တစ်ခုအပြီးမှာ "ကျွန်တော်တို့ ဆက်လက် တွန်းအားပေးရမယ်၊ ဆက်သွားရပါမယ်" "ဂိုးသွင်းဖို့ ဂိုးဧရိယာထဲမှာ အခွင့်အရေးတွေ ပိုမိုဖန်တီးဖို့ ကန်သွင်းမှုတွေ ပိုလုပ်ဖို့ အဖြေတွေ ရှာရပါမယ်။ အားလုံးက တာဝန်ပိုယူပြီး အသင်းအတွက် ပိုလုပ်ပေးဖို့ လိုပါတယ်" "အသင်းရဲ့ စိတ်အားထက်သန်မှုက အတော်လေး မြင့်မားနေပြီး အားလုံးက ဘယ်လောက်ထိ ကြိုးစားနေလဲဆိုတာ မြင်ရပါတယ်။ ဒီအတိုင်း ဆက်သွားမှာပါ" လို့ ပြောပါတယ်။
တစ်ဖက်မှာ အာတီတာကတော့ ပြီးခဲ့တဲ့ တစ်ပတ်က ဝက်စ်ဟမ်းနဲ့ ဆိုးရွားတဲ့ ရလဒ်နဲ့ ရှုံးပွဲအပြီး သူ့အသင်းရဲ့ တုံ့ပြန်မှုကို ကျေနပ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပွဲအပေါ်ထိန်းချုပ်မှုကို ဂိုးတွေအဖြစ် ပြောင်းလဲနိုင်ဖို့ မလုပ်နိုင်ခဲ့တာကို စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ "အနိုင်မရလိုက်တာ အတော်လေး စိတ်ပျက်စရာပါ။ ဒီနေ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က အရင်ပွဲနဲ့ ယှဉ်ရင် အတော်လေး ကွာခြားပါတယ်။ စွမ်းအင်ကနေ ဂိုးတွေဖြစ်အောင် လုပ်ချင်တဲ့ ဆန္ဒတွေက ထင်ရှားပါတယ်"
"ကျွန်တော်တို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဖရီးကစ်နှစ်ကြိမ်လောက် တိုက်ရိုက်ကန်ခွင့်ရပြီး ဂိုးဧရိယာထဲမှာ တစ်ခုခု ဖြစ်လာတာနဲ့ ဘောလုံးပေးပို့မှု တစ်ကြိမ် နှစ်ကြိမ်လောက်ကြောင့် သူတို့ ပြေးလွှားနိုင်ခဲ့တဲ့ အပိုင်းကလွဲရင် ဘာမှ မရှိခဲ့ပါဘူး" "ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ အခွင့်အရေးတွေ သူတို့လုပ်နိုင်ခဲ့တဲ့ အခိုက်အတန့်တွေနဲ့ ယှဉ်လိုက်ရင် နောက်ဆုံးအနေနဲ့ ပေးပို့မှု အဲဒီပေးပို့မှုရဲ့ အရည်အသွေးနဲ့ အနိုင်ယူဖို့ ဂိုးကန်သွင်းဖို့ ပိုလိုအပ်ခဲ့တာပါ" လို့ နည်းပြက ပြောပါတယ်။
ဆက်လက်ပြီး အာတီတာက "ကျွန်တော်တို့ ကြိုးစားခဲ့ပြီး ကျွန်တော်တို့မှာ ရှိတဲ့ အရည်အသွေးကို လိုက်လျောညီထွေဖြစ်အောင် လုပ်ခဲ့ပါတယ်။ အသင်းကို ကွဲပြားတဲ့ အရာတွေ ဖန်တီးပေးဖို့ မတူညီတဲ့ အရည်အသွေးတွေကနေ ပြိုင်ဘက်အတွက်အန္တရာယ်ဖြစ်စေနိုင်အောင် လုပ်ခဲ့ပါတယ်" “သူတို့က ဂိုးဧရိယာထဲ ရောက်တာနဲ့ မှော်ဆန်တဲ့ အခိုက်အတန့်တွေ ဖန်တီးနိုင်တဲ့ ကစားသမားမျိုး မဟုတ်ကြပါဘူး။ သူတို့က တခြားပုံစံမျိုးရှိတဲ့ ကစားသမားတွေပါ။ အဲဒါကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ပြီး ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဖို့ ကြိုးစားရပါမယ်" လို့ ပြောပါတယ်။