ဗီလာပါ့ခ်မှာ အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ အက်စတွန်ဗီိလာ
အက်စတွန်ဗီလာ ၂ - ၁ အာဆင်နယ် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ အမြဲဒုက္ခပေးနေကြဖြစ်တဲ့ အက်စတွန်ဗီလာကြောင့် ဒီနှစ်ရာသီမှာလည်း ရှုံးပွဲနဲ့ကြုံတွေခဲ့ရပါတယ်။
တစ်ပွဲလုံးနီးပါး အာဆင်နယ်ကစားသမတွေ ပွဲပန်းနေပုံရပြီး ဗီလာရဲ့ဦးဆောင်ဂိုးကို အသည်းအသန်ချေပခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ဆုံးမိနစ်မှာတော့ တောက်လျှောက်ထိုးဖောက်နေတဲ့ ဗီလာက အနိုင်ဂိုးရယူသွားခဲ့ကာ အဖိုးတန်အနိုင်၃မှတ်ရရှိသွားခဲ့ပါတယ်။