ရလဒ်တွေဆိုးနေတဲ့ ဘုန်းမောက်ထံကနေ သရေတစ်မှတ်သာခွဲယူနိုင်ခဲ့တဲ့ ချဲလ်ဆီး
ဘုန်းမောက် ၀ - ၀ ချဲလ်ဆီး (ပွဲပြီးရလဒ်)
ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာကို အနိုင်၊ အာဆင်နယ်ကို ၁၀ယောက်တည်းနဲ့ သရေကစားခဲ့ပြီးနောက် လိဒ်စ်ယူနိုက်တက်၊ ဘုန်းမောက်တို့နဲ့ပွဲစဉ်တွေမှာတော့ ရမှတ်တွေဆက်တိုက်ဆုံးရှုံးခဲ့ပါတယ်။
ယနေ့ညပွဲစဉ်မှာလည်း ချဲလ်ဆီးက တစ်ပွဲလုံးနီးပါးဘာမှမယ်မယ်ရရ ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့သလို ကစားသမားတွေလည်း ပွဲပန်းနေပုံရပြီး တက်ကြွမှုတွေပျောက်ဆုံးကာ အဝေးကွင်းမှာ သရေတစ်မှတ်သာရခဲ့ပါတယ်။
ဘုန်းမောက်တော့ ရလဒ်တွေတောက်လျှောက်ဆိုးနေခဲ့ပြီးနောက် ယနေ့ညမှာ နိုင်ပွဲရဖို့ အခွင့်အရေးတွေရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာသရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရပါတယ်။