ဆန်းဒါးလန်းကိုဂိုးပြတ်အနိုင်ယူပြီး အာဆင်နယ်ကိုထက်ကြပ်မကွာ ဖိအားပေးနေဆဲ မန်စီးတီး
မန်စီးတီး ၃-၀ ဆန်းဒါးလန်း (ပွဲပြီးရလဒ်)
ဒီယက်စ် ၃၁'
ဂျီဗာဒီအော ၃၅'
ဖိုဒန် ၆၅'
ပထမပိုင်းမှာတင် ဆန်းဒါးလန်းကို ၂ ဂိုးပြတ်ဦးဆောင်ခဲ့တဲ့မန်စီးတီးဟာ ဒုတိယပိုင်းမှာ တတိယပွဲသိမ်းဂိုးကို သက်တောင့်သက်သာပဲထပ်မံသွင်းယူခဲ့တာဖြစ်ပါတယ်။ အပိုင်အခွင့်အရေးတွေကိုသာ ထပ်မံအသုံးချနိုင်ခဲ့ရင် ဒီထက်ပိုဂိုးပြတ်ဖို့ရှိပေမယ့် ဆန်းဒါးလန်းကလည်း အပိုင်အခွင့်အရေးအချို့ကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် မန်စီးတီးဟာ ထိပ်ဆုံးကအာဆင်နယ်နဲ့ ရမှတ် ၂ မှတ်ကွာအနေအထားကိုရောက်ရှိလာပြီး ပိုမိုဖိအားပေးလာနိုင်ခဲ့ပါတယ်။