The network connection is lost.

Banner Image

ပေါင် ၁၇ သန်းတန် ပရီးမီးယားလိဂ် ကြယ်ပွင့်က ရူဘန် အာမိုရင်နှင့် လိုက်ဖက်မှုရှိတယ်လို့ အကြံပေးခြင်း ခံထားရတဲ့ ယူနိုက်တက်

ယူနိုက်တက် ယခုရာသီကို အဆင့် ၁၅ နေရာဖြင့် ပြီးဆုံးကာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အနိမ့်ဆုံးရမှတ်ကို ရရှိခဲ့တာကြောင့် နောက်ထပ်နွေရာသီကို ပြန်လည်တည်ဆောက်မှုတစ်ခုနှင့် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတဘ်။

ရူဘန် အာမိုရင်က အကယ်ဒမီထွက် ဂါနာချို နှင့် သဘောထားကွဲလွဲပြီးနောက် ရောင်းချရန် ဆုံးဖြတ်ထားပုံရပြီး ယူနိုက်တက်ဟာ ကလပ်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကိုလည်း ဆော်ဒီအာရေးဗျ သို့ ငွေအများအပြားဖြင့် ရောင်းချရန် စဉ်းစားနေတာကြောင့် ဆုံးရှုံးရဖွယ်ရှိနေပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်တွင် ပထမဆုံး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပြီး မာသီယပ်စ် ကွန်ဟာ အတွက် သဘောတူညီမှုက အဆုံးသတ်ခါနီးပြီ ဖြစ်ပါတယ်။ သို့သော် ကလပ်ဟာ လီယမ် ဒီလက်ပ် ကို ခေါ်ယူရန် ကြိုးပမ်းမှုတွင် ထိခိုက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး အဆိုပါက တိုက်စစ်မှူးက ချဲလ်ဆီး သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အခြားနေရာများကို ကြည့်ရှုပါက ယူနိုက်တက်ဟာ ကွင်းလယ်နှင့် ခံစစ်ပိုင်း အားဖြည့်မှုများကို စဉ်းစားမှာဖြစ်သော်လည်း လက်စွမ်းမတည်ငြိမ်တဲ့ အန်ဒရေး အိုနာနာ နေရာအတွက် အစားထိုးရန် တောင်းဆိုမှုများလည်း ရှိခဲ့ပါတယ်။ ယူနိုက်တက်က ဂိုးသမားသစ်အတွက် ငွေကြေးသုံးစွဲရန် ဆုံးဖြတ်ပါက အက်စတွန် ဗီလာ နည်းပြဟောင်း နေးလ် ကပ်တလာ က အီမီလီယာနို မာတီနက်ဇ် ကို ခေါ်ယူခြင်းက နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းမွန်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

၂၀၂၀ ခုနှစ်က အာဆင်နယ် မှ ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ မာတီနက်ဇ်က ဗီလာတွင် အနာဂတ် မရေရာမှုများ ရှိနေပြီး ရာသီရဲ့ နောက်ဆုံး အိမ်ကွင်းပွဲအပြီး ကွင်းပတ်လမ်းလျှောက်နေစဉ် သိသိသာသာ စိတ်ပျက်အားငယ်နေခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလား ရရှိထားတဲ့ ဂိုးသမားဟာ ဆော်ဒီအာရေးဗျသို့ ပြောင်းရွှေ့ရန် သတင်းများ ထွက်ပေါ်နေသော်လည်း အသက် ၃၂ နှစ်အရွယ် ကစားသမားအတွက် ယူနိုက်တက်က ပိုမိုဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းမှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ကပ်တလာ က ယုံကြည်နေပါတယ်။

"အီမီ အတွက် ပိုက်ဆံက အဓိက မဟုတ်ဘူးလို့ ကျွန်တော် မထင်ပါဘူး။ ဒါကြောင့် သူ ဆော်ဒီကို ပြောင်းဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ကျွန်တော် မထင်ပါဘူး" 

"သူ ပြောင်းရွှေ့မယ်ဆိုရင် ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် ၊ အက်သလက်တီကို ဒါမှမဟုတ် ယူနိုက်တက် လိုမျိုး တကယ့်ကို ကြီးမားတဲ့ ကလပ်ကြီးတစ်ခုဆီကို ဖြစ်ပါလိမ့်မယ်" လို့ ကပ်တလာ က The Sun သို့ ပြောကြားခဲ့ပါတယ်။ မာတီနက်ဇ်ဟာ နွေရာသီတွင် အိုးထရက်ဖို့ဒ် သို့ ပြောင်းရွှေ့ခြင်းဖြင့် ဥရောပဘောလုံးကစားခွင့်ကို စွန့်လွှတ်ရမှာ ဖြစ်သော်လည်း ယူနိုက်တက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ စိန်ခေါ်မှုက ထိုပြောင်းရွှေ့မှုကို ပြုလုပ်ရန် လှုံ့ဆော်မှုများစွာ ပေးလိမ့်မယ်လို့ ကပ်တာက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

"ယူနိုက်တက်က သူ့ကို ချန်ပီယံလိဂ် ကစားခွင့် မပေးနိုင်ဘူးဆိုပေမယ့် ကလပ်ရဲ့ အရွယ်အစားနဲ့ စိန်ခေါ်မှုရဲ့ အရွယ်အစားက အီမီကို ဆွဲဆောင်နိုင်ပါတယ်"

"အီမီမှာ ယူနိုက်တက်လို ကြီးမားတဲ့ ကလပ်အတွက် ကစားဖို့ လိုအပ်တဲ့ ယုံကြည်မှု ရှိပြီး ကလပ်ကို တကယ်ကို အကောင်းမြင်တဲ့ နည်းလမ်းနဲ့ လွှမ်းမိုးနိုင်မယ်လို့ ခံစားရပါလိမ့်မယ်"

"သူက စိန်ခေါ်မှုတွေကိုပဲ စိတ်ဝင်စားတယ်။ စိတ်အားထက်သန်မှုနဲ့ ဆန္ဒတွေကိုပဲ စိတ်ဝင်စားတာ။ ဒါကြောင့် ယူနိုက်တက်က သူ့အတွက် သင့်တော်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်"

"သူက ယူနိုက်တက်မှာ အဆင်ပြေစွာ လိုက်ဖက်မှုရှိမှာဖြစ်ပြီး ချက်ချင်း ခြေစွမ်းပြနိုင်ပါလိမ့်မယ်။ ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေမယ့် အချိန်တွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်" လို့ သူက ပြောပါတယ်။ သို့သော် မာတီနက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းမှုက ခက်ခဲနေနိုင်ဆဲဖြစ်ပါတယ်။ အူနိုင်း အမ်မရီ က အသင်းရဲ့ ပထမဦးစားပေး ဂိုးသမားဟာ ယခုနွေရာသီတွင် ကလပ်မှ ထွက်ခွာမည်မဟုတ်ကြောင်း ခိုင်မာစွာ ပြောကြားခဲ့ပါတယ်။

ဗီလာရဲ့ နောက်ဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ယူနိုက်တက်နှင့်ပွဲတွင် TNT Sports သတင်းထောက် ဂျူးလ် ဘရစ်ချ် က ဒီပွဲဟာ မာတီနက်ဇ်ရဲ့ ကလပ် နောက်ဆုံးပွဲဖြစ်နိုင်ပါသလားလို့ မေးမြန်းရာ အမ်မရီက "မဖြစ်နိုင်ဘူး" လို့ ပြတ်ပြတ်သားသား ပြန်လည်ဖြေကြားခဲ့ပါတယ်။