The network connection is lost.

Banner Image

ဂါနာချိုကို နည်းပြပေးချင်တယ်လို့ ပြောလာတဲ့ ချယ်လ်ဆီးဂန္ထဝင် ဂျိုးကိုးလ်

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမား ဂျိုးကိုးလ်က အလီဂျန်ဒရို ဂါနာချိုကို တစ်ဦးချင်း သီးသန့်သင်ကြားပြသပေးဖို့အတွက် စိတ်ဝင်စားနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားဟောင်း ဂါနာချို ဟာ နည်းပြ လီယမ် ရိုဆင်နီယာရဲ့ ကစားကွက်ထဲမှာ နေရာရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဂျိုးကိုးလ်ကတော့ ဂါနာချိုရဲ့ အရည်အချင်းအပေါ် ယုံကြည်မှုအပြည့်ရှိနေပြီး The Sun သတင်းစာကို အခုလို ပြောကြားခဲ့ပါတယ်။ "ကျွန်တော် ဂါနာချိုကို နည်းပြပေးချင်ပါတယ်။ သူက တကယ့်ကို ပါရမီထူးတဲ့ ဘောလုံးသမားတစ်ယောက်ပါ။ သူ့ရဲ့ တိုးတက်မှုက အကန့်အသတ်မရှိပါဘူး။ သူ တကယ်ဖြစ်ချင်တဲ့ ဘယ်လိုကစားသမားမျိုးမဆို ဖြစ်လာနိုင်တဲ့သူပါ" လို့ ဆိုပါတယ်။

"သူ့ရဲ့ ကစားဟန် ဗီဒီယိုတွေကို အသေအချာ ပြန်ကြည့်ပေးချင်ပါတယ်။ ဂိုးဧရိယာ နှစ်ဖက်စလုံးမှာ နည်းပြတစ်ယောက်ရဲ့ အမြင်အရ သူ ဒီထက်ပိုကောင်းအောင် လုပ်နိုင်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အချက်အချို့ ရှိနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ရှေးရိုးစွဲ တောင်ပံကစားသမား ဒါမှမဟုတ် ကွင်းလယ်ဖန်တီးရှင် (No. 10) မျိုး မဟုတ်ဘဲ တောင်ပံတိုက်စစ်ကစားသမား တစ်ယောက် ဖြစ်နေလို့ပါ"

"သူသာ ကွင်းထဲမှာ နေရာယူပုံ ပိုကောင်းအောင် လုပ်နိုင်မယ်ဆိုရင် တိုးတက်လာဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ဒါ့အပြင် သူ့ကို နွေးနွေးထွေးထွေးနဲ့ လမ်းပြပေးဖို့ လိုသလို ဘောလုံးသမားတစ်ယောက်အနေနဲ့ ပြုမူနေထိုင်ပုံမှာလည်း အနည်းငယ် ပိုပြီး ရင့်ကျက်လာဖို့ လိုလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ဂျိုးကိုးလ်က ဆက်လက်ပြောကြားခဲ့ပါတယ်။