အက်စတွန်ဗီလာနဲ့အင်တာဗျူးမှာ ယူနိုက်တက်နဲ့ ချဲလ်ဆီးကို လှောင်ပြောင်လိုက်တဲ့ ဂါနာချို
အက်စတွန်ဗီလာအသင်းဆီ အငှားဖြင့်ပြောင်းရွှေ့သွားပြီးနောက် ဂါနာချိုက သူ့ရဲ့ ဥရောပပြိုင်ပွဲရည်မှန်းချက်တွေကို ဖွင့်ဟပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ၂၀၂၃-၂၀၂၄ ရာသီမှာ နောက်ဆုံးအကြိမ်ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယမန်နှစ်ဘောလုံးရာသီကိုတော့ ဥရောပပွဲစဉ်တွေမရှိဘဲ ဖြတ်သန်းခဲ့ပါတယ်။ သရဲနီတွေက အခုရာသီသစ်အတွက် ဥရောပဝင်ခွင့်တစ်နေရာကို အသည်းအသန် ပြန်လည်ရယူထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲဆင်နွှဲခဲ့ပြီး အဲ့ဒီမတိုင်ခင်ဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်မှ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။
ကစားခဲ့ရတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ရာသီကတော့ ဥရောပပြိုင်ပွဲ ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ အခုရာသီသစ်မှာမှ ဥရောပဝင်ခွင့် တစ်နေရာကို အသည်းအသန် ပြန်လည်ရယူထားနိုင်ခဲ့တာပါ။ မန်ယူအသင်းဟာ ၂၀၂၄-၂၅ ရာသီမှာ ယူရိုပါလိဂ် ကစားခဲ့ရပြီး၊ အဲဒီမတိုင်ခင်ရာသီမှာတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေတင် ထွက်ခဲ့ရပါတယ်။
အခုတော့ ဂါနာချိုက အက်စတွန်ဗီလာဆီ ပြောင်းရွှေ့လာရခြင်းအကြောင်းရင်းကို ရှင်းပြရင်း သူ့ရဲ့အသင်းဟောင်းနှစ်ခုဆီ ခပ်နောက်နောက်သတင်းစကား ပါးလိုက်ပါတယ်။ အက်စတွန်ဗီလာကတော့ ယမန်နှစ်ဘောလုံးရာသီမှာ ယူရိုပါလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး အခုရာသီသစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်သွားပါမယ်။
"ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ကစားဖို့ဆိုတာ အရမ်းအရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ယုံကြည်မှုတွေ ပြန်ရဖို့နဲ့ မန်ချက်စတာယူနိုက်တက်မှာ စတင်ကစားခါစ နှစ်တွေလို ပုံစံကောင်းပြန်ရလာအောင် လုပ်နိုင်မယ့် ကလပ်အသင်းမျိုးကို ကျွန်တော် ရှာဖွေနေခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။
"ပြီးခဲ့တဲ့ရာသီ၊ ယူရိုပါလိဂ်မှာ အက်စတွန်ဗီလာ ချန်ပီယံဖြစ်လာတာကို ကျွန်တော် တွေ့ခဲ့ပါတယ်။ အခုလို ချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့်ရဖို့ဆိုတာလည်း အရေးကြီးသလို ချန်ပီယံလိဂ်ဆိုတာကတော့ အကောင်းဆုံးပါပဲ။ ဒီရာသီမှာ ကျွန်တော်တို့ ကစားရပါတော့မယ်။ ကျွန်တော်ကိုယ်တိုင်လည်း တကယ်ကိုပျော်ရွှင်နေပြီး အသင်းအတွက် အရေးပါတဲ့အရာတစ်ခုခု လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်" လို့ ဂါနာချိုက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကတော့ အငှားပြောင်းရွှေ့သွားတဲ့ ဂါနာချိုကို အပြီးသတ်ရောင်းချရမယ်ဆိုရင် ပေါင် ၄၂ ဒဿမ ၅ သန်းဝန်းကျင် အလိုရှိနေပါတယ်။ ကစားသမားအပြီးသတ်ဝယ်ယူပေးရမယ့်စည်းကမ်းချက်တွေကလည်း ပြည့်မီဖို့ လွယ်ကူလို့ ဂါနာချိုကို အက်စတွန်ဗီလာမှာ ရေရှည်မြင်တွေ့ရဖို့အတွက် အလားအလာ အတော်လေးကောင်းနေပါတယ်။