The network connection is lost.

Banner Image

ဘရူနိုဖာနန်ဒက်စ်ကို ရောင်းချလိုက်မယ်ဆိုရင် ယူနိုက်တက်အတွက် ဘရူနိုအသစ် ရှာဖွေဖို့ အထောက်အကူဖြစ်စေမယ်လို့ လီရှပ် ပြောကြား

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားဟောင်း လီရှပ်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ ပြီးခဲ့တဲ့အပတ်က ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂-၁ နဲ့ နောက်ကလိုက်ကစားပြီး အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ကာ အသင်းကို ပရီးမီးယားလိဂ်အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။

အဲဒီပွဲစဉ်အတွင်းမှာပဲ ဘရူနိုဖာနန်ဒက်စ်ဟာ ဂိုးရော ဂိုးဖန်တီးမှုပါ တစ်ပွဲတည်းမှာ ပြုလုပ်နိုင်ခဲ့တဲ့ ၁၈ ပွဲမြောက် ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းဂန္ထဝင် ဒေးဗစ်ဘက်ခမ်းရဲ့ ၁၇ ပွဲမှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ၁၀ ပွဲပဲ ကျန်တော့တဲ့အချိန်မှာ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက် အဓိကကစားသမားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ လီရှပ်ကတော့ GOAL ကတစ်ဆင့် ပြောကြားရာမှာ ဝါရင့်ကစားသမားဖြစ်သူကို အစားထိုးလို့ရနိုင်ပြီး ယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီမှာ လူငယ်ကြယ်ပွင့်အသစ်တစ်ယောက် ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

"သူ့ကို လက်လွတ်ရတာက အသင်းအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်နိုင်ပေမဲ့ ဘရူနိုဖာနန်ဒက်စ်ကို ရောင်းချလိုက်တာက ဈေးကွက်ထဲမှာ 'ဘရူနိုအသစ်' တစ်ယောက်ကို ဝယ်ယူဖို့ အခွင့်အရေး ရသွားပါလိမ့်မယ်။ သူက ထူးခြားတဲ့ကစားသမားဖြစ်လို့ အစားထိုးဖို့ လူရှာရတာတော့ နည်းနည်းခက်နိုင်ပါတယ်။ အကယ်၍ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့မယ်ဆိုရင်တော့ ဒါက သူ ဆက်နေဖို့ အားတက်စရာ ဖြစ်သွားနိုင်ပါတယ်။ အသင်းကလည်း လူစာရင်းကို ပိုတောင့်တင်းအောင် အရည်အချင်းရှိတဲ့ ကစားသမားသစ်တွေ ထပ်ခေါ်ဦးမှာဆိုတော့ သူ ဆက်နေဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ အသင်းဘက်က သူ့ရဲ့အသက်အရွယ်နဲ့ ရနိုင်သေးတဲ့ ပြောင်းရွှေ့ကြေးကို ကြည့်ပြီး ဆက်ထားမလား၊ ဒါမှမဟုတ် အဲဒီငွေနဲ့ လူသစ်ပြန်ဝယ်မလားဆိုတာ စဉ်းစားရမှာပါ။ ပရိသတ်တွေကတော့ သူ့ကို ဆက်ရှိစေချင်ကြမှာပါ။ လက်ရှိမှာ သူ အရမ်းခြေစွမ်းပြနေတာကြောင့် ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေပါပဲ" လို့ လီရှပ်က ဆိုပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ မကြာသေးမီနှစ်တွေအတွင်း အသင်းရဲ့ အဓိကဖန်တီးရှင်ဖြစ်လာခဲ့ပြီး နည်းပြ မိုက်ကယ်ကာရစ် လက်အောက်မှာလည်း ဆက်လက်ခြေစွမ်းပြနေသူပါ။ ဒါကြောင့် ကစားသမားကိုယ်တိုင်က ထွက်ခွာချင်တယ်လို့ မပြောသရွေ့ မိုက်ကယ်ကာရစ်အနေနဲ့ သူ့ကို ရောင်းချဖို့ အစီအစဉ်ရှိမှာ မဟုတ်ပါဘူး။