The network connection is lost.

Banner Image

ချယ်လ်ဆီးအသင်းကနေ ထွက်ခွာမယ့်သတင်းတွေနဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ်ကို အိုဘီမီခေးလ် ဝေဖန်

ချယ်လ်ဆီးအသင်းကွင်းလယ်လူဟောင်း ဂျွန်အိုဘီမီခေးလ်က အန်ဇိုဖာနန်ဒက်စ်ကို ပစ်မှတ်ထားပြီး ဝေဖန်လိုက်ပါတယ်။ အနာဂတ်မှာ မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ရှိနိုင်တယ်လို့ ဖာနန်ဒက်စ်ရဲ့ ပြောကြားချက်အပေါ် နိုင်ဂျီးရီးယားကွင်းလယ်လူဟောင်းက သဘောမကျ ဖြစ်နေတာပါ။ အာဂျင်တီးနားကွင်းလယ်လူဟာ ဒီနွေရာသီမှာ ရီရဲလ်မက်ဒရစ်ရဲ့ အဓိကပစ်မှတ်တစ်ခုလည်း ဖြစ်နေပါတယ်။

AS သတင်းဌာနရဲ့ ဖော်ပြချက်အရ အိုဘီမီခေးလ်က "ဒါဟာ ချယ်လ်ဆီးအသင်းပါ၊ တခြားအသင်းကို ကူးပြောင်းဖို့အတွက် ခြေနင်းခုံ မဟုတ်ပါဘူး။ မင်းရဲ့စိတ်က မက်ဒရစ်ကို ရောက်နေပြီဆိုရင်တော့ အပြာရောင်ဂျာစီကို မဝတ်သင့်တော့ပါဘူး။ ကျွန်တော်တို့ ချယ်လ်ဆီးမှာ ကစားခဲ့တုန်းက အသင်းရဲ့ အမှတ်တံဆိပ်အတွက်ပဲ အားသွန်ခွန်စိုက် ကစားခဲ့တာပါ၊ အနာဂတ်မှာ တခြားအသင်းကို ပြောင်းရွှေ့ဖို့အတွက် မဟုတ်ပါဘူး..." လို့ ပြောကြားခဲ့ပါတယ်။

Marca သတင်းဌာနရဲ့ အဆိုအရ ရီရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် အပြောင်းအရွှေ့ကာလမှာ မန်စီးတီးကွင်းလယ်လူ ရိုဒရီထက် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ပိုပြီး ဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။