အဲဗာတန်ကို ခက်ခက်ခဲခဲအနိုင်ယူကာ မန်စီးတီးကို ယာယီ ၁၀မှတ်ဖြတ်လိုက်တဲ့ အာဆင်နယ်
အာဆင်နယ် ၂ - ၀ အဲဗာတန် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ တစ်ပွဲလုံးဘောလုံးကိုင်ပြီးကစားခဲ့ပေမဲ့ အဆုံးသတ်ပိုင်းမှာ အားနည်းချက်တွေရှိခဲ့တာကြောင့် ဦးဆောင်ဂိုးရဖို့ ပွဲပြီးခါနီးအထိစောင့်ခဲ့ရပြီး ယောကရက်စ်၊ ဒေါင်းမန်းတို့ရဲ့ဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပါတယ်။
အဲဗာတန်ဘက်ကတောင် တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးကောင်းတွေရခဲ့ပေမဲ့ ကာလာဖီအိုရီ၊ ဒေးဗစ်ရာယာတို့ရဲ့ တားဆီးမှုတွေကြောင့် ဦးဆောင်ဂိုးနဲ့ဝေးကွာခဲ့ရပါတယ်။
အာဆင်နယ်ဟာ ယခုနိုင်ပွဲကြောင့် ဝက်စ်ဟမ်းနဲ့ကစားမယ့် မန်စီးတီးကို ရမှတ် ၁၀မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။