The network connection is lost.

Banner Image

PSG အသင်းရဲ့ဘောကောက်လူငယ်လေးကို ပြန်လည်တောင်းပန်ခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ချယ်လ်ဆီးတောင်ပံကစားသမားနက်တို

ချယ်လ်ဆီးတောင်ပံကစားသမားနက်တိုက မနေ့ညပိုင်း၊ ပါရီမှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ PSG အသင်းရဲ့ဘောကောက်လူငယ်လေးကို တွန်းလှဲမိခဲ့လို့ ချက်ချင်းဆိုသလို ပြန်တောင်းပန်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ နက်တိုရဲ့တွန်းထုတ်မှုကြောင့် ဒီဘောကောက်လူငယ်လေး ကုလားထိုင်ပေါ်မှလဲကျသွားခဲ့ပြီး နှစ်ဖက်အသင်းကစားသမားတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် နက်တိုက "ကျွန်တော် ဘောကောက်ကောင်လေးကို တောင်းပန်ချင်ပါတယ်။ သူ့နဲ့လည်း စကားပြောပြီးပါပြီ" လို့ ဆိုပါတယ်။

"အဲ့ဒီအချိန်မှာ ကျွန်တော်တို့အသင်းရှုံးနေလို့ စိတ်လှုပ်ရှားမှုတွေကြောင့် ဘောလုံးကို အမြန်လိုချင်တာနဲ့ သူ့ကို အနည်းငယ် တွန်းမိသွားပါတယ်"

"ကျွန်တော်က အဲ့ဒီလိုလူစားမျိုး မဟုတ်ပါဘူး။ အဲ့ဒီအချိန်မှာ စိတ်လောနေလို့ အခုလိုဖြစ်သွားတာပါ။ ဒါကြောင့်လည်း သူ့ကို တောင်းပန်ချင်တာပါ။ ကျွန်တော့်ရဲ့ အင်္ကျီကိုလည်း သူ့ကို ပေးခဲ့ပါတယ်။ တကယ်ကို စိတ်မကောင်းဖြစ်ရလို့ သူ့ကိုတောင်းပန်ဖို့ လိုအပ်တယ်လို့ ခံစားရပါတယ်"

"ကျွန်တော်က ပြင်သစ်စကားသိပ်မတတ်တော့ ပေါ်တူဂီလက်ရွေးစင်အသင်းဖော်ဗီတင်ဟာကိုယ်တိုင်လာပြီးတော့ ကျွန်တော်က ဒီလိုလူမျိုးမဟုတ်ဘူးဆိုတဲ့အကြောင်း သူ့ကို ရှင်းပြပေးခဲ့ပါတယ်"

"နောက်ဆုံးမှာတော့ သူရယ်မောနေခဲ့သလို ကျွန်တော်လည်း ဂျာစီအင်္ကျီပေးပြီး ၃၅ ကြိမ်လောက် တောင်းပန်ခဲ့ပါတယ်။ ဖြစ်ပျက်ခဲ့တာကို သူနားလည်ပေးနိုင်လို့ အခြေအနေကတော့ အားလုံး အဆင်ပြေသွားပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးနည်းပြရိုစီနီယာကလည်း "ဘောကောက်ကောင်လေးနဲ့ ပြဿနာဖြစ်တာကို ကျွန်တော် မြင်လိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က မှားယွင်းတာ ဒါမှမဟုတ် မသင့်တော်တာတစ်ခုခု ရှိခဲ့မယ်ဆိုရင် အသင်းကိုယ်စား ကျွန်တော်တောင်းပန်ပါတယ်" လို့ ဆိုပါတယ်။

"ဒါပေမဲ့ နက်တိုက အင်တာဗျူးတွေမှာ တောင်းပန်ပြီးပြီလို့ ထင်ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီဖြစ်ရပ်ကို ပြန်ပြီးတော့ မကြည့်ရသေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။