ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ မျက်စိကျနေတဲ့ ကိုလုံးတောင်ပံကစားသမား အယ်လ်မာလ
ကိုလုံးအသင်းတောင်ပံကစားသမားဆာအစ်အယ်လ်မာလက ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေရဲ့အထူးစိတ်ဝင်စားမှုကို ရရှိနေပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားက အခုရာသီ၊ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ အလွန်ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ဂျာမနီ ယူ-၂၁ လက်ရွေးစင်ကစားသမားလေးကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းက အပြိုင်အဆိုင်ကြိုးပမ်းနေတယ်လို့ Kicker သတင်းဌာနက ဖော်ပြထားသလို၊ တစ်ဖက်မှာလည်း နယူးကာဆယ်အသင်းက လာမယ့်ရာသီမှာ အယ်လ်မာလကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Daily Mail က ဆိုပါတယ်။
လက်ရှိမှာတော့ အယ်လ်မာလက ကိုလုံးအသင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ သူက အခုရာသီမှာ အက်ဖ်စီကိုလုံးအသင်းအတွက် လိဂ်ပွဲစဉ် ၂၅ ပွဲ ကစားပေးထားရာမှာ ရှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ထားပါတယ်။ အဲဒီ ၂၅ ပွဲအနက် ၁၁ ပွဲကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။