ကိုဝဲလ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းက သူတို့ရဲ့နောက်ခံလူလီဗိုင်းကိုဝဲလ်ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ပြီးခဲ့တဲ့ သောကြာနေ့မှာ အသင်းခေါင်းဆောင်ရီစီဂျိမ်းစ်ကို ၂၀၃၂ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက် ချဲလ်ဆီးတာဝန်ရှိသူတွေရဲ့အာရုံစိုက်မှုက အခုအခါမှာနောက်ခံလူကိုဝဲလ်ဆီ ရောက်ရှိလာပါတယ်။
The Sun သတင်းစာရဲ့ဖော်ပြချက်အရ အသက် ၂၃ နှစ်အရွယ်ကစားသမားကိုယ်တိုင်လည်း အသင်းမှာဆက်ရှိနေဖို့ ဆန္ဒရှိနေပြီး အသင်းတာဝန်ရှိသူတွေဘက်ကသာ ဆက်သွယ်လာမယ်ဆိုရင် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ စတင်ဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
ရာသီကြိုခြေစမ်းပွဲစဉ်အတွင်း ဒူးအရွတ်ဒဏ်ရာရရှိခဲ့တဲ့ကိုဝဲလ်က အခုသီတင်းပတ်အတွင်း အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။
ဒါပေမဲ့ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေကတော့ စာချုပ်သစ်အတွက် တရားဝင်မဆွေးနွေးခင် ကိုဝဲလ်ရဲ့ဒူးဒဏ်ရာအခြေအနေ အမှန်တကယ်အပြည့်အ၀သက်သာပျောက်ကင်းသွားပြီလားဆိုတာ အရင်ဆုံးစောင့်ကြည့်ချင်နေပါတယ်။
ကိုဝဲလ်ရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၉ ခုနှစ်အထိ ရှိနေပါတယ်။