စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်သုံးမှတ်အပြည့်ရယူခဲ့တဲ့ ငှက်ကျားများ
ချဲလ်ဆီး ဝ-၁ နယူးကာဆယ် (ပွဲပြီးရလဒ်)
အခုလန်ဒန်မြေပွဲစဉ်မှာ ချဲလ်ဆီးရော၊ နယူးကာဆယ်ပါ အမှတ်လိုအပ်ချက်ရှိနေလို့ အကြိတ်အနယ်ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားသွားကြပါတယ်။ ဒီနေ့ပွဲစဉ်အတွက် အဆုံးအဖြတ်သွင်းဂိုးကိုတော့ ပထမပိုင်းပွဲချိန်အတွင်း ဝီလော့ရဲ့ဖန်တီးပေးမှုမှတဆင့် ဂေါ်ဒွန်က သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးကြိုးပမ်းမှုအပေါ် ထိုးနှက်ချက်ဖြစ်ခဲ့သလို နည်းပြရိုစီနီယာကိုယ်တိုင်လည်း ဖိအားတွေအောက် ကျရောက်သွားခဲ့ပါတယ်။