The network connection is lost.

Banner Image

ချဲလ်ဆီးကနေ ထွက်လာခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ အဲဗာတန်ကွင်းလယ်လူ ဒူးစ်ဘူရီဟော ပြောကြား

အဲဗာတန်အသင်းရဲ့ ကွင်းလယ်လူ ကီယာနန် ဒူးစ်ဘူရီ-ဟောက ပြီးခဲ့တဲ့ နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာလာခဲ့တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ ဒူးစ်ဘူရီ-ဟောဟာ ချယ်လ်ဆီးအသင်းမှာ ခက်ခဲတဲ့ ၁၂ လတာ ကာလကို ဖြတ်သန်းခဲ့ရပြီးနောက်မှာ အခုတော့ အဲဗာတန်အသင်းမှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြန်လည်ပြသနိုင်နေပြီ ဖြစ်ပါတယ်။

၎င်းက Sky Sports ကို အခုလို ပြောပြခဲ့ပါတယ်။ "ဘောလုံးသမားတစ်ယောက်အနေနဲ့ ကံကောင်းတာက ရာသီတစ်ခုမှာ ခြေစွမ်းပြနိုင်ရင် အခွင့်အလမ်းတွေနဲ့ တံခါးတွေ အများကြီး ပွင့်သွားတတ်တာပါပဲ။ အဲဒီနှစ်ကုန်ပိုင်းမှာ ကျွန်တော့်ကို စိတ်ဝင်စားတဲ့အသင်းတွေ တော်တော်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ အန်ဇိုမာရက်စကာက ချယ်လ်ဆီးကို ရောက်သွားခဲ့ပြီး ကျွန်တော်ကလည်း သူနဲ့အတူ တွဲလုပ်ခဲ့ဖူးတာကြောင့် သူ့လက်အောက်မှာ ပြန်ကစားဖို့ ချယ်လ်ဆီးကို သွားတာဟာ ကျွန်တော့်အတွက် အသင့်တော်ဆုံးပဲလို့ ထင်ခဲ့မိပါတယ်။"

"တကယ်တော့ အသင်းသစ်ကို ရောက်သွားချိန်မှာ ပုံမှန်ပွဲထွက်ခွင့် ရလိမ့်မယ်လို့ တကယ်ပဲ ယုံကြည်ခဲ့တာပါ။ အဲဒီလို ကစားနိုင်တဲ့ အရည်အချင်းလည်း ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် သိထားပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော် မျှော်လင့်ထားသလောက် ကစားခွင့် မရခဲ့ပါဘူး။ ဒါပေမဲ့ ဒါဟာ ဘယ်တော့မှ မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခုပါပဲ၊ ဆုဖလား နှစ်လုံးလည်း ရခဲ့ပါတယ်။ သူ (မာရက်စကာ) က ကျွန်တော့်အကြောင်းကို ကောင်းကောင်းသိတဲ့သူပါ။ အသင်းရဲ့ ကစားကွက်မှာ ကျွန်တော့်ကို သဘောကျတယ်လို့ အတိအကျ ပြောခဲ့ပေမဲ့ ကျွန်တော် ဘာကြောင့် အခွင့်အရေး အပြည့်အဝ မရခဲ့တာလဲဆိုတာတော့ သေချာ မသိပါဘူး။"

"ဟုတ်ပါတယ်၊ ကျွန်တော်က တန်ဖိုးကြီးတဲ့ ထိပ်တန်းကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်သလို ငါးပွဲ ခြောက်ပွဲလောက် ဆက်တိုက် ကစားခွင့်ရဖို့ အခွင့်အရေးလည်း မရခဲ့ပါဘူး။ အဲဒါက ကျွန်တော့်အတွက် အစိတ်ပျက်ရဆုံး အပိုင်းပါပဲ။ ကျွန်တော် ကစားခွင့်ရတိုင်းမှာလည်း အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ခံစားရပါတယ်" လို့ ဒူးစ်ဘူရီ-ဟောက ဆိုပါတယ်။