The network connection is lost.

Banner Image

ချဲလ်ဆီးအသင်းမှာ နေရာမရတော့တဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းပါ အပြိုင်အဆိုင် ပါဝင်လာ

အခုနွေရာသီမှာ အငှားချထားတဲ့ ချဲလ်ဆီးတိုက်စစ်မှူး နီကိုလတ်စ် ဂျက်ဆင်ကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂျက်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီက ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ပေမဲ့ ဂျာမနီမြေမှာတော့ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

အပြောင်းအရွှေ့ သဘောတူညီချက်အရ ဘိုင်ယန်မြူးနစ်အသင်းမှာ ယူရို ၆၅ သန်းနဲ့ အပြီးသတ်ဝယ်ယူနိုင်ခွင့် ရှိခဲ့ပေမဲ့ ဂျက်ဆင်ဟာ အဆိုပါ အချက်အလက် အသက်ဝင်ဖို့အတွက် လိုအပ်တဲ့ ပွဲပေါင်း ၄၀ ကျော်မှာ ပွဲချိန် မိနစ် ၄၅ မိနစ်အထက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ TalkSPORT ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ဟာ ဒီနွေရာသီမှာ ဂျက်ဆင်ကို ခေါ်ယူဖို့ မျက်စိကျနေပြီး အဆိုပါတိုက်စစ်မှူးကလည်း လန်ဒန်အနောက်ခြမ်းကနေ ထွက်ခွာဖို့ ရှိနေဆဲဖြစ်ပါတယ်။

လက်ရှိ နယူးကာဆယ်တိုက်စစ်မှူးတွေဖြစ်တဲ့ နစ်ခ် ဝေါ်လ်တမိတ်နဲ့ ယိုအန်း ဝစ်ဆာတို့ဟာ အသင်းဆီ ရောက်ရှိလာကတည်းက စိန့်ဂျိမ်းစ်ပါ့ခ်မှာ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့တာကြောင့် အက်ဒီဟောင်းရဲ့အသင်းဟာ တိုက်စစ်မှူးအသစ်တစ်ယောက်ကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။