The network connection is lost.

Banner Image

အက်စတွန်ဗီလာနဲ့ပွဲစဉ်က အရှုံးရလဒ်ကိုလက်ခံနိုင်ဖို့ခက်ခဲကြောင်း ယောကရက်စ်ပြောကြား

အက်စတွန်ဗီလာကို နာကျင်အချိန်ပို နောက်ဆုံးမိနစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်တိုက်စစ်မှူး ဗစ်တာယောကရက်စ်က ဒီရလဒ်ကို လက်ခံဖို့ ခက်ခဲကြောင်း ဝန်ခံခဲ့ပါတယ်။တစ်ဖက်တစ်ဂိုးစီသရေနဲ့ ပွဲပြီးတော့မယ်လို့ ယူဆခဲ့ကြပေမဲ့ နောက်ဆုံးမိနစ်မှာ ဘွန်ဒီယာက အနိုင်ဂိုးသွင်းယူသွားခဲ့တဲ့အတွက် အာဆင်နယ်ရဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို အဆုံးသတ်စေခဲ့ပါတယ်။ 
ယောကရက်စ်က အဆိုပွဲစဉ်အပြီး အဝတ်လဲခန်းထဲမှာ ကစားသမားတွေ စိတ်ဓာတ်ကျနေတာကို ဝန်ခံခဲ့ပေမဲ့ နောက်ထပ် ရှုံးပွဲမရှိစံချိန်တစ်ခု စတင်ဖို့အတွက် လာမယ့်ပွဲစဉ်ကို အာရုံစိုက်နေတယ်လို့ ပြောပါတယ်။
ယောကရက်စ်က"ကျွန်တော်တို့ ရလဒ်အတွက် စိတ်ပျက်မိတာတော့ သေချာပါတယ်။ အခုအချိန်မှာ ခံစားချက်က မကောင်းပါဘူး၊ ဒါပေမဲ့ အခုမှ ဒီဇင်ဘာလပဲ ရှိပါသေးတယ်။ ကစားရမယ့်ပွဲတွေ အများကြီးကျန်ပါသေးတယ်။
အမြဲတမ်း အကောင်းမြင်နိုင်တဲ့အချက်တချို့တော့ ရှိပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးပွဲတစ်ခုကို ရှုံးနိမ့်ဖို့အတွက် အရမ်းခက်ခဲတဲ့နည်းလမ်းပါပဲ။ အခုချိန်မှာ ခက်ခဲပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်မယ့်ပွဲစဉ်ကို မကြာခင်မှာ မျှော်လင့်ရပါမယ်"လို့ ပြောခဲ့ပါတယ်။
စိတ်ပျက်စရာရှုံးပွဲကနေ သင်ယူပြီး အနာဂတ်စိန်ခေါ်မှုတွေအတွက် စိတ်အားတက်ကြွစေဖို့ ယောကရက်စ်က မျှော်လင့်နေပါတယ်။
ဆက်လက်ပြီး ယောကရက်စ်က"ကျွန်တော်တို့ အခွင့်အရေးတွေဆက်ဖန်တီးပြီး ဂိုးပေါက်ထဲကို ဂိုးဆက်သွင်းရပါမယ်။ ဒါမှ ပိုပြီးဂိုးတွေသွင်းနိုင်မှာပါ။ ဒါကြောင့် ဟုတ်ပါတယ်၊ ဒါက အကောင်းမြင်စရာတစ်ခုဖြစ်ပြီး ကျွန်တော်တို့ကြားမှာလည်း ပိုကောင်းအောင် လုပ်ဆောင်ရပါမယ်
ဒါက ဘောလုံးပါပဲ။ နောက်ဆုံးစက္ကန့်ပိုင်း ဒါမှမဟုတ် မိနစ်ပိုင်းအတွင်း ဂိုးသွင်းနိုင်ရင် ဒါဟာ မယုံနိုင်စရာခံစားချက်ပါ၊ ဒါကြောင့် နှစ်ဖက်စလုံးအတွက် ဒီလိုပါပဲ။ ဒီနေ့တော့ ကံမကောင်းစွာနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ရပါတယ်။ ဒါက ခက်ခဲပေမဲ့ သင်ယူရပါမယ်။
ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာတွေနဲ့ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အရာတွေအပေါ် အာရုံစိုက်ပြီး နောက်ပွဲကို အာရုံစိုက်မယ်ဆိုရင် ကျွန်တော်တို့ ပိုကောင်းလာမယ်လို့ ထင်ပါတယ်"လို့ ပြောခဲ့ပါတယ်။