The network connection is lost.

Banner Image

သူ့ရဲ့အသင်းဖော်ယောကရက်စ်ကို ဘာကြောင့်ဝေဖန်နေကြတာလဲလို့ မေးခွန်းထုတ်လာတဲ့ ကိုင်ဟားဗက်ဇ်

အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်က သူ့ရဲ့ အသင်းဖော် ဗစ်တာ ယောကရက်စ်ကို အမြဲတမ်း ချီးကျူးစကားတွေ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ကစားနေတဲ့ ပထမဆုံးရာသီမှာတင် ဒီဆွီဒင်လက်ရွေးစင်ကစားသမားနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ကွဲပြားနေကြတာဖြစ်ပြီး အထူးသဖြင့် ကစားသမားဟောင်းတွေကြားမှာ ဝေဖန်မှုတွေ ရှိနေတာပါ။

ဒါပေမဲ့ ဟားဗက်ဇ်က Guardian သတင်းဌာနကို အခုလို ပြောပြခဲ့ပါတယ်။ "ကျွန်တော်တို့ ကစားသမားတွေအနေနဲ့ ဒီလိုဝေဖန်မှုတွေကို နားမလည်နိုင်ဘူးလို့ ထင်ပါတယ်။ ကျွန်တော် အင်္ဂလန်ကို စရောက်တုန်းကရော၊ အာဆင်နယ်ကို ပြောင်းလာတုန်းကရော ဒီလိုမျိုး ဝေဖန်မှုတွေကို ကိုယ်တိုင်လည်း ခံစားခဲ့ရဖူးပါတယ်။ အသင်းသစ်မှာ အသားကျဖို့ အချိန်တစ်ခုတော့ အမြဲတမ်း လိုအပ်ပါတယ်။ ဒါပေမဲ့ သူ့ကို ကြည့်တဲ့သူတွေက ပထမဆုံး လအနည်းငယ်အတွင်းမှာတင် အပြင်းအထန် ဝေဖန်နေကြတာကို ကျွန်တော် သတိထားမိခဲ့တယ်။ ကျွန်တော်ကတော့ အဲဒီဝေဖန်ချက်တွေကို လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ သူက အသင်းအတွက် ကဏ္ဍပေါင်းစုံမှာ အများကြီး ကူညီပေးနေတဲ့ ကစားသမားတစ်ယောက် ဖြစ်လို့ပါပဲ" လို့ ဆိုပါတယ်။

ယောကရက်စ်ဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၃၈ ပွဲ ကစားထားပြီး ဂိုး ၁၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားပါတယ်။