မက်အယ်လစ္စတာရဲ့ အနာဂတ်မရေမရာဖြစ်နေချိန် ပေါင်သန်း ၈၀ တန် ကွင်းလယ်လူကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ လီဗာပူး
မက်အယ်လစ္စတာရဲ့အနာဂတ် မရေမရာဖြစ်နေလို့ လီဗာပူးအသင်းက ပေါင်သန်း ၈၀ တန်ကြေးရှိ အဒမ်ဝါတန်ကိုခေါ်ယူဖို့ အပြိုင်အဆိုင်ဖြစ်လာတယ်လို့ သိရပါတယ်။
အန်းစလော့ရဲ့အသင်းက လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် အသက် ၂၂ နှစ်အရွယ်ဝါတန်ကို စိတ်ဝင်စားကြောင်း ပြသလာတဲ့ နောက်ဆုံးပေါ်ပရီးမီးယားလိဂ်ကလပ်အသင်းကြီး ဖြစ်လာခဲ့ပါတယ်။
talkSPORT ရဲ့ ဖော်ပြချက်အရ ခရစ္စတယ်ပဲလေ့စ်အသင်းက ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဝန်းကျင်အထိ အလိုရှိနေတယ်လို့ သိရပါတယ်။
မက်အယ်လစ္စတာက ပြီးခဲ့တဲ့ရာသီလို ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရလို့ လီဗာပူးအသင်းအတွက် ကွင်းလယ်လူသစ်ခေါ်ယူဖို့ ရွေးချယ်စရာတွေ ရှာဖွေနေတယ်လို့လည်း နားလည်ရပါတယ်။
လီဗာပူးနဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်တော့တဲ့ ကမ္ဘာ့ဖလားဆုရှင်မက်အယ်လစ္စတာကို အတိတ်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့သတင်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။