The network connection is lost.

Banner Image

လီဗာပူးပစ်မှတ် ဝါတန်အတွက် မန်စီးတီးရဲ့ကမ်းလှမ်းမှု ရှိခဲ့ပေမဲ့ ပယ်ချခံလိုက်တယ်လို့ သတင်းထွက်ပေါ်

မန်ချက်စတာစီးတီးအသင်းက ဝါတန်ကိုခေါ်ယူဖို့အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းဆီ ချဉ်းကပ်ခဲ့ပေမဲ့ ဒီကွင်းလယ်ကစားသမားကို အခုနွေရာသီမှာ ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ အကြောင်းပြန်ကြားချက်သာ ရရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဝါတန်က ယမန်နှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃၄ ပွဲကစား၊ တစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ငါးကြိမ် ပြုလု်ပခဲ့ပါတယ်။ သူက အသက် ၂၂ နှစ်အရွယ်မှာပဲ ခရစ္စတယ်ပဲလေ့စ်နဲ့အတူ အကဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နောက်တစ်နှစ်အကြာမှာတော့ ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ခဲ့တဲ့ အင်္ဂလန်ကစားသမားကို လီဗာပူး၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့အပါအဝင် ကလပ်အသင်းအတော်များများက အနာဂတ်မှာ ကမ္ဘာ့အဆင့်ဝင်ရောက်လာနိုင်သူအဖြစ် သတ်မှတ်ထားကြပြီး အနီးကပ်စောင့်ကြည့်နေကြပါတယ်။

အခုတော့ ဂျာနယ်လစ်ဒေးဗစ်အော်စတိန်းက ဒီလူငယ်ကစားသမားအတွက် မန်စီးတီးရဲ့ကြိုးပမ်းမှုရှိပေမဲ့ ဘယ်နည်းနဲ့မှ မရောင်းချနိုင်ဘူးဆိုတဲ့ ငြင်းပယ်မှုနဲ့သာ ကြုံတွေ့ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့က ကာတစ်ဂျုံးစ်နဲ့ ရိုဒရိုကို လက်လွှတ်လိုက်ရချိန် အနာဂတ်အတွက် စဉ်းစားရတော့မယ့် ဝါတန်ကို အနီးကပ်စောင့်ကြည့်လာကြပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ ဝါတန်က လီဗာပူးအသင်းရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး အခုလအစောပိုင်းမှာပဲ ၂၀၀၅ ခုနှစ်၊ ချန်ပီယံလိဂ်ဆုဖလားကို လီဗာပူးအသင်းဆွတ်ခူးချိန် စတီဗင်ဂျရတ်ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂျာစီကို ရရှိထားပါတယ်။

ဒါက ဘယ်အသင်းဆီ ဝါတန် ရောက်သွားမလဲဆိုတာ သဲလွန်စအချို့ပေးနိုင်ပေမဲ့ လတ်တလောမှာတော့ အခုသီတင်းပတ်ကုန်၊ ရာသီအဖွင့်ပွဲစဉ်အဖြစ် အဲဗာတန်နဲ့ရင်ဆိုင်ရတော့မယ့် ခရစ္စတယ်ပဲလေ့စ်မှာ ဆက်ရှိသွားမယ်ဆိုတာ သေချာသလောက် ဖြစ်နေပါတယ်။