The network connection is lost.

Banner Image

အန့်တ်ဝါ့တ်ဂိုးသမားနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်

အိုနာနာရဲ့အနာဂတ်က မတည်ငြိမ်နေချိန်မှာပဲ ယူနိုက်တက်ဟာ ဂိုးသမားနေရာအတွက် အန့်တ်ဝါ့တ်ဂိုးသမား လန်မန်းကိုခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဘယ်လ်ဂျီယံသားအခြေအနေကို စောင့်ကြည့်နေတာ ၁ လကျော်လောက်ရှိနေပြီဖြစ်ကာ အသက် ၂၃ နှစ်သားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ ရိုမာနိုက ဆိုပါတယ်။ လက်ရှိမှာယူနိုက်တက်ဘက်က အခြားအသင်းတွေစိတ်ဝင်စားနေတာကြောင့် အလျင်အမြန်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အိုနာနာဟာ ပြီးခဲ့တဲ့အပတ်တုန်းက အာဆင်နယ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲလူစာရင်းမှာ မပါဝင်ခဲ့ပဲ ဘာရင်ဒါကသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ လန်မန်းဟာ အန့်တ်ဝါ့တ်ကိုမပြောင်းခင် ဘရုဂျက်အသင်းအကယ်ဒမီမှာ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ မတ်လတုန်းက လန်မန်းတစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဘယ်လ်ဂျီယံစီနီယာအသင်းထံခေါ်ယူခြင်းခံခဲ့ရပေမယ့် နိုင်ငံအသင်းကစားသမားဘဝပွဲဦးထွက်တော့ ပါဝင်ခွင့်မရသေးတာဖြစ်ပါတယ်။

တကယ်လို့ ယူနိုက်တက်အနေနဲ့ လန်မန်းကိုသာ မခေါ်ယူနိုင်ခဲ့ရင် ယူနိုက်တက်အနေနဲ့ အိုနာနာ ၊ ဘာရင်ဒါတို့နဲ့ ဆက်သွားရဖွယ်ရှိနေပါတယ်။ ဒီရာသီမှာ ဘာရင်ဒါက ယူနိုက်တက်ရဲ့ဦးစားပေးဂိုးသမားဖြစ်လာဖွယ်ရှိနေပါတယ်။