The network connection is lost.

Banner Image

မိုင်နူးကို နာပိုလီသို့အငှားစာချုပ်နဲ့ ထွက်ခွာခွင့်ပြုမှာမဟုတ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးကို အသင်းမှာနေရာပေးခြင်းမရှိဘဲ အရန်ကစားသမားအဖြစ်သာ အသုံးပြုနေပေမယ့် နာပိုလီကိုတော့ အငှားစာချုပ်နဲ့ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့သိရပါတယ်။

နာပိုလီအနေနဲ့ အသင်းရဲ့ကွင်းလယ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့ပြင်ဆင်နေတာဖြစ်ပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မိုင်နူးကိုခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေပေမယ့် ယူနိုက်တက်က ကစားသမားကိုထွက်ခွာခွင့်ပြုမှာမဟုတ်လို့ ခက်ခက်ခဲခဲညှိနှိုင်းသွားရဖွယ်ရှိပါတယ်။ အာဖရိကနိုင်ငံများဖလားကျင်းပသွားဖို့ရှိနေတာကြောင့် ကွင်းလယ်လူ ဖရန့်ခ်အန်ဂွစ်ဆာဟာ အသင်းရဲ့ပွဲစဉ်အများအပြားကိုလွဲချော်သွားမှာဖြစ်လို့ နာပိုလီအနေနဲ့ ကွင်းလယ်လူသစ်နဲ့ ပြန်လည်အင်အားဖြည့်တင်းနိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဥရောပကြယ်ပွင့်တွေကို ချိတ်ဆက်နေတာဖြစ်ပါတယ်။ 

နာပိုလီဟာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကိုလည်း ထိန်းသိမ်းဖို့ လိုအပ်နေတာကြောင့် ယူနိုက်တက်ကြယ်ပွင့် မိုင်နူးကို အပြီးသတ်ဝယ်ယူခွင့်ပါ အငှားစာချုပ်နဲ့ခေါ်ယူလိုနေတာဖြစ်ပြီး ယူနိုက်တက်ဘက်ကတော့ ကစားသမားရဲ့တန်ကြေးကို ယူရိုသန်း ၅၀ ဝန်းကျင်သတ်မှတ်ထားတယ်လို့သိရပါတယ်။ မိုင်နူးကတော့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရက်စ်မွတ်စ်ဟွိုက်လန်း၊ စကော့မက်တိုမီနေးတို့နဲ့ ပြန်လည်တွဲဖက်ကစားလိုနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ 

ယခုအခါမှာ နာပိုလီအားကစားဒါရိုက်တာ ဂျီရိုဗန်နီမန်နာဟာ မိုင်နူးကိုခေါ်ယူနိုင်ဖို့ ခက်ခဲနေတာကြောင့် အခြားကွင်းလယ်ကြယ်ပွင့်ကစားသမားတွေကို ပစ်မှတ်ထားနေပြီဖြစ်ပါတယ်။ သတင်းတွေအရ လက်ရှိနာပိုလီစိတ်ဝင်စားနေတဲ့ကစားသမားစာရင်းထဲမှာ လိုက်ပ်ဇစ်ကြယ်ပွင့် အာမာဒူနဲ့ အူဒီးနိစ်ကွင်းလယ်လူ အာသာအက်တာတို့ပါဝင်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် ဘရိုက်တန်ကြယ်ပွင့် မတ်စ်ဝီဖာနဲ့ အယ်လ်ခမာမှ ဆဗန်မီနန်တို့ကိုလည်း မန်နာက အန်ဂွစ်ဆာနေရာမှာ အစားထိုးနိုင်မယ့် အလားအလာရှိကြယ်ပွင့်တွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။