The network connection is lost.

Banner Image

ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုအပေါ် ပေါက်ကွဲနေတဲ့ အေစီမီလန်နည်းပြ အာမိုရင်

အေစီမီလန်နည်းပြ ရူဘင ်အာမိုရင်က ယနေ့နံနက် ယူရိုပါလိဂ်ပွဲစဉ်မှာ ဘုန်းမောက်ကို ၃ - ၀ ဂိုးနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ စွမ်းဆောင်ရည်အပေါ်  လုံးဝကျေနပ်မှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဘုန်းမောက်နဲ့ပွဲစဉ်က အာမိုရင်အတွက် ဇန်နဝါရီလတုန်းက ယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင် ပြိုင်ပွဲတစ်ရပ်မှာ ပရီးမီးယားလိဂ် အသင်းတစ်သင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။

အာမိုရင်က"ဒါကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခု မဟုတ်ခဲ့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မိနစ် ၂၀ အကြာမှာတင် ပွဲပြီးသွားခဲ့လို့ပါပဲ။

ကျွန်တော်တို့က ကစားသမား ၁၀ ယောက်တည်းနဲ့ အတော်လေး ကောင်းမွန်စွာ ခံစစ်ဆင်ခဲ့သလို ပွဲကို ရှေ့တိုးကစားဖို့နဲ့ ပွဲပြီးခါနီးမှာ စွန့်စားမှုတွေ လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အဲဒီ ပြစ်ဒဏ်ဘောက ပွဲကို လုံးဝ အဆုံးသတ်သွားစေခဲ့ပါတယ်။

အခုတော့ ကျွန်တော်တို့ ပြန်လည်ရုန်းထပြီး နောက်ထပ်ပွဲစဉ်အတွက် စဉ်းစားရပါလိမ့်မယ်။ ဒီပွဲကနေ ကျွန်တော်တို့ သင်ခန်းစာယူရမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ် အဲဒီလို အခြေအနေမျိုးဆီ (အနီကတ်ပြခံရပြီးနောက်) နောက်တစ်ကြိမ် မရောက်စေဖို့ လိုပါတယ်။ အခုတော့ လိဂ်ပြိုင်ပွဲအပေါ်မှာပဲ အာရုံစိုက်ရမှာဖြစ်ပြီး ပွဲတိုင်းမှာ ကျွန်တော်တို့ ကြိုးစားသလိုပဲ လာမယ့် ယူရိုပါလိဂ်ပွဲစဉ် (ဖီရန်စ်ဗာရိုစ်နဲ့ ပွဲ) မှာ အနိုင်ရဖို့ ကြိုးစားသွားရပါမယ်" လို့ ဆိုပါတယ်။