The network connection is lost.

Banner Image

ယူနိုက်တက်ကနေထွက်ခွာပြီးနောက် သူ့ခံစားချက်ကိုထုတ်ဖော်ပြောကြားလာတဲ့ ကင်မရွန်းသား

အာမိုရင်လက်အောက်မှာ နေရာမရတော့တာကြောင့် ထရာဇွန်စပေါလ်အသင်းထံပြောင်းရွှေ့ပြီးနောက် အိုနာနာတစ်ယောက် သူ့ခံစားချက်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကင်မရွန်းသားဟာ ယူနိုက်တက်အသင်းထံ ပေါင် ၄၇.၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း လက်စွမ်းပြဖို့ရုန်းကန်ခဲ့ရတာကြောင့် တူရကီမြေထံ ထွက်ခွာခဲ့ရပါတယ်။ အိုနာနာအနေနဲ့ ကစားသမားဘဝပြန်လည်ရှင်သန်နိုင်ဖို့ အခွင့်အရေးရှိနေပြီး ပထမဆုံးအကြိမ် သူ့ခံစားချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အိုနာနာထွက်ခွာမှုကို အတည်ပြုခဲ့ပြီး အသက် ၂၉ နှစ်သားဟာ ထရာဇွန်စပေါလ်အသင်းထံ အငှားထွက်ကစားတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်က အိုနာနာနေရာအတွက် လန်မန်းကိုခေါ်ယူထားခဲ့ပြီး ဘာရင်ဒါက အရန်အဖြစ်ပါဝင်လာဖွယ်ရှိနေပါတယ်။ ဒါ့အပြင် နေရာရဖို့လည်း မရှိတော့တာကြောင့် အိုနာနာအနေနဲ့ တူရကီမြေကို ပြောင်းရွှေ့ဖို့ ရွေးချယ်လိုက်ရပါတယ်။

ပြည်တွင်းမီဒီယာတွေနဲ့အင်တာဗျူးမှာ အိုနာနာက “ကျွန်တော် အရမ်းပျော်နေပါတယ်။ ကျွန်တော်ပြောနိုင်တာက ကျွန်တော်အရမ်းပျော်ပါတယ်။ ပရောဂျက်အသစ်ကိုစတင်နိုင်ခဲ့သလို စိန်ခေါ်မှုအသစ်စတင်နိုင်ခဲ့လို့ ကျွန်တော်အရမ်းပျော်ပါတယ်။ အဲ့တာက ကျွန်တော့်အတွက် အရမ်းပျော်သလိုခံစားရပါတယ်။ ကျွန်တော့်ဘေးနားကလူတွေက အများကြီးမချစ်ဘူးလို့ ကျွန်တော်ဘယ်တုန်းကမှမခံစားရပါဘူး။ ပထမဆုံးနေ့ကတည်းက ကျွန်တော်အိမ်လိုခံစားရစေပါတယ်။

ကျွန်တော်ဖြစ်နိုင်သမျှ အလုပ်စတင်ချင်ပြီး ကွင်းထဲမှာ သူတို့ကိုပျော်အောင်လုပ်ဆောင်ပေးချင်ပါတယ်။ ကျွန်တော် အမြဲတမ်းအဆင်သင့်ဖြစ်နေမှာပါ။ ကစားသမားတိုင်းက ကစားချင်သလို ဒီလိုပွဲမျိုးမှာ ပါဝင်ချင်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ အရေးကြီးပွဲတွေ ၊ သန်မာတဲ့ပွဲတွေလည်း ကစားရပါမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အားသာချက်ကိုလည်း သတိထားမိပါတယ်”လို့ အိုနာနာက ဖြေကြားခဲ့ပါတယ်။

အိုနာနာဟာ အင်တာကနေ ပေါင် ၄၇.၂ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက် ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဒ့ါအပြင် အာမိုရင်လက်အောက်မှာလည်း အိုနာနာဟာ အမှားတွေဆက်တိုက်လုပ်ခဲ့တာဖြစ်ပါတယ်။ တူရကီမြေမှာ ယုံကြည်မှုပြန်လည်တည်ဆောက်ပြီး လက်စွမ်းပြနိုင်မယ်ဆိုရင် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ကင်မရွန်းအသင်းမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ ထရာဇွန်စပေါလ်အသင်းဟာ တူရကီစူပါလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၂ နေရာမှာရပ်တည်နေပြီး ဖီနာဘာချီအသင်းနဲ့ တနင်္ဂနွေနေ့မှာ ရင်ဆိုင်ရမှာဖြစ်ကာ အိုနာနာတစ်ယောက် ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။