The network connection is lost.

Banner Image

မန်စီးတီးအသင်းမှာ နေရာမရတော့တဲ့ ကယ်လ်ဗင်ဖီးလစ်က ရှက်ဖီးယူနိုက်တက်အသင်းဆီ ဒုတိယအကြိမ်မြောက် အငှားထွက်ကစားဖို့ ရှိနေ

မန်စီးတီးအသင်းရဲ့ မျက်နှာသာပေးမခံရတော့တဲ့ ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ဟာ ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းဆီကို ဒုတိယအကြိမ်မြောက် အငှားနဲ့သွားရောက်ပူးပေါင်းဖို့ နီးစပ်နေပြီလို့ သတင်းတွေအရ သိရပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဖီးလစ်ဟာ ၂၀၂၂ ခုနှစ်မှာ လိဒ်ယူနိုက်တက်အသင်းကနေ မန်စီးတီးဆီကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမဲ့ အသင်းအတွက် ၃၂ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့သူပါ။

အဲဒီနောက်ပိုင်းမှာတော့ ဖီးလစ်ဟာ အခြားကလပ်အသင်းတွေဆီ အငှားနဲ့ သုံးကြိမ်တိုင်တိုင် ထွက်ကစားခဲ့ရပြီး ပြီးခဲ့တဲ့ရာသီ ဒုတိယဝက်မှာလည်း ရှက်ဖီးယူနိုက်တက်ဆီ ရောက်ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အသင်းအတွက် ၃ ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ကွင်းလယ်လူ ဖီးလစ်မှာ အခက်အခဲတွေ ရှိနေပေမဲ့လည်း ရှက်ဖီးယူနိုက်တက်အသင်းကတော့ သူ့ကို အငှားနဲ့ပြန်ခေါ်ဖို့ အတော်လေး နီးစပ်နေပြီလို့ ဆိုပါတယ်။

မန်စီးတီးအသင်းကတော့ နည်းပြသစ် အန်ဇိုမာရက်စကာရဲ့ ရာသီကြိုလူစာရင်းမှာ ချန်လှပ်ခံထားရတဲ့ ဖီးလစ်ကို အမြန်ဆုံး အသင်းကနေ ထုတ်ပယ်နိုင်ဖို့ (ဒါမှမဟုတ်) အခြားအသင်းဆီ ပို့ဆောင်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။