The network connection is lost.

Banner Image

မန်စီးတီးမှာ နေရာမရဖြစ်နေတဲ့ ကယ်လ်ဗင်ဖီးလစ်ကို ပြန်လည်ခေါ်ယူဖို့ ရှက်ဖီးယူနိုက်တက် ကြိုးပမ်း

မန်စီးတီးအသင်းမှာ နေရာပျောက်ဆုံးနေတဲ့ ကယ်လ်ဗင်ဖီးလစ်ကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့အတွက် ရှက်ဖီးယူနိုက်တက်အသင်းက ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၀ အရွယ် ဖီးလစ်ဟာ ၂၀၂၂ ခုနှစ်တုန်းက သူ့ရဲ့ ငယ်ဘဝကလပ် လိဒ်ယူနိုက်တက်ကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

သူဟာ မန်စီးတီးကို ရောက်ရှိလာပြီးနောက်ပိုင်း ပြိုင်ပွဲစုံမှာ ၃၂ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး အခြားကလပ်အသင်းတွေဆီကို သုံးကြိမ်တိုင်တိုင် အငှားချထားခြင်း ခံခဲ့ရပါတယ်။

အဆိုပါ ကွင်းလယ်လူဟာ ၂၀၂၅-၂၆ ရာသီရဲ့ ဒုတိယပိုင်းမှာ ရှက်ဖီးယူနိုက်တက်အသင်းဆီ အငှားနဲ့ ရောက်ရှိခဲ့ဖူးပေမဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် သုံးပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ ယော့ခ်ရှိုင်းယားကလပ်မှာ အခက်အခဲတွေ ရှိခဲ့ပေမဲ့ ရှက်ဖီးအသင်းကတော့ သူ့ကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း တစ်ရာသီလုံးစာ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ရှိနေပြီး ဖီးလစ်နဲ့ မန်စီးတီးတို့ရဲ့ စာချုပ်သက်တမ်းကတော့ နှစ်နှစ် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။