
ပဲလေ့စ်စတားကိုခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ လီဗာပူး
သတင်းတွေအရ လီဗာပူးအသင်းဟာ ပဲလေ့စ်နောက်ခံလူ ဂူဟီကိုခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ မယ်ရာသတင်းဌာနရဲ့အဆိုအရ အသင်း ၂ သင်းကြား လာမယ့် ၂၄ နာရီအတွင်းအပြောင်းအရွှေ့အတွက် ဆွေးနွေးမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ပဲလေ့စ်နောက်ခံလူကို ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတော်တော်များများက ပစ်မှတ်ထားနေပေမယ့် လီဗာပူးက ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဂူဟီ နဲ့ ပဲလေ့စ်တို့ကြား စာချုပ်သက်တမ်းက ၁၂ လကျန်နေသေးတာဖြစ်ပါတယ်။ သူ့စာချုပ်အနေအထားအရ ပဲလေ့စ်အနေနဲ့ ပြောင်းရွှေ့ကြေးတိုးတောင်းဖို့အဆင်မပြေလောက်ပဲ မူရင်းကပေါင်သန်း ၇၀ တန်ကြေးသတ်မှတ်ထားပေမယ့် မယ်ရာသတင်းဌာနကတော့ ပဲလေ့စ်ဘက်က ပေါင်သန်း ၄၀ လောက်နဲ့လက်ခံဖွယ်ရှိနေတယ်လို့ ယုံကြည်နေပါတယ်။
ချဲလ်ဆီးအနေနဲ့ ၂၀% ပြန်ရောင်းချခွင့်ကနေရရှိမှာဖြစ်ပြီး ၂၀၂၁ တုန်းက ချဲလ်ဆီးကနေ ပေါင် ၁၈ သန်းနဲ့ ပဲလေ့စ်ထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အခုနွေရာသီမှာ လီဗာပူးအသင်းဟာ လူအင်အားဖြည့်တင်းနေပြီး လက်ရှိမှာ ဝီရက်ဇ် ၊ ဖရင်းပေါင် နဲ့ ကာကက်ဇ်တို့ကိုခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင် ဂိုးသမား မာမာဒါရှီဗီလီကလည်း ဇူလိုင်လထဲမှာ အသင်းထံပြောင်းရွှေ့လာမှာဖြစ်ပြီး အခုအပြောင်းအရွှေ့မှာပေါင်သန်း ၂၀၀ နီးပါးအသုံးပြုထားခဲ့ပြီးဖြစ်ပါတယ်။ ဂူဟီအနေနဲ့ ပဲလေ့စ်အသင်းက လာမယ့်ရာသီယူရိုပါလိဂ်ဝင်ခွင့်ရတာကြောင့် အသင်းမှာဆက်နေနိုင်ချေလေးတော့ရှိနေပါတယ်။