The network connection is lost.

Banner Image

အက်စ်လာနီကို ခေါ်ယူဖို့ အားပြိုင်မှုမှာ ဘာစီလိုနာက ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ထက် အသာရနေ

ဘာစီလိုနာအသင်းဟာ ဟော့ဖန်ဟိမ်းအသင်းရဲ့ တိုက်စစ်မှူး ဖစ်နစ်အက်စ်လာနီကို စောင့်ကြည့်လေ့လာနေပါတယ်။

Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုပါတိုက်စစ်မှူးဟာ အသင်းသစ်ပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီး သူ့ရဲ့အနာဂတ်ကို အခု မတ်လအတွင်းမှာပဲ အတိအကျ ဆုံးဖြတ်သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အက်စ်လာနီကို ချဲလ်ဆီး၊ အက်စတွန်ဗီလာနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း စောင့်ကြည့်နေကြပေမဲ့ ရွေးချယ်ခွင့်ရမယ်ဆိုရင်တော့ သူက ဘာစီလိုနာအသင်းကိုပဲ ရွေးချယ်မှာပါ။

အရင်ကလည်း ဒီတိုက်စစ်မှူးက ကာတလန်ကလပ် (ဘာစီလိုနာ) ကို "သူ့ရဲ့ အိပ်မက်ထဲက ကလပ်အသင်း" လို့ တင်စားပြောဆိုခဲ့ဖူးပါတယ်။

ဒီရာသီမှာ အက်စ်လာနီဟာ ၂၅ ပွဲ ကစားပေးထားပြီး ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပါတယ်။ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရို သန်း ၃၀ ရှိပါတယ်။