The network connection is lost.

Banner Image

FC Damm အသင်းရဲ့ တောင်ပံကစားသမား ဂွန်ဇာလက်ဇ်ကို ဘာစီလိုနာခေါ်ယူ

ဘာစီလိုနာအသင်းဟာ Damm လူငယ်အသင်းရဲ့ ကစားသမားလေး အဲလက်စ်ဂွန်ဇာလက်ဇ်ကို ခေါ်ယူလိုက်ပါတယ်။ ဂွန်ဇာလက်ဇ်ကို ခေါ်ယူလိုက်ကြောင်း ဘာစီလိုနာအသင်းက ဒီနေ့မနက်ပိုင်းမှာပဲ တရားဝင်သတင်းထုတ်ပြန်ခဲ့တာပါ။ အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမားလေးဟာ မပြောပလောက်တဲ့ ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့လာတာဖြစ်ပြီး အစောပိုင်းမှာတော့ Juvenil A လူငယ်အသင်းမှာ ပါဝင်ကစားသွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂွန်ဇာလက်ဇ်ဟာ ရာသီကုန်ပိုင်းလောက်မှာ ဘာစီလိုနာအရံအသင်းဖြစ်တဲ့ Barca Atletic မှာ ပါဝင်လာနိုင်လိမ့်မယ်လို့ အများက ယူဆထားကြပါတယ်။ ဂွန်ဇာလက်ဇ်ဟာ ဒီရာသီ Damm အသင်းအတွက် ၂၂ ပွဲ ကစားပေးထားပြီး ၁၂ ဂိုးအထိ သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။