ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ပေးလိုက်တဲ့ မန်စီးတီးတိုက်စစ်မှူး အိုမာမာမွတ်
မန်စီးတီးတိုက်စစ်မှူး အိုမာမာမွတ်ဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ဒီရာသီမှာ နည်းပြ ပက်ဂွါဒီယိုလာရဲ့ လက်အောက်မှာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ၁၆ ပွဲ ကစားထားရာမှာ ၆ ပွဲသာ ပွဲထွက်ခွင့် ရရှိထားတာပါ။
စပိန်နိုင်ငံဘက်ကလာတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ နွေရာသီမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ ရှာဖွေနေပြီး သူတို့ရဲ့ အလိုရှိတဲ့ ကစားသမားစာရင်းထဲမှာ အိုမာမာမွတ်ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။
သတင်းထောက် Ekrem Konur ရဲ့ ဖော်ပြချက်အရ အိုမာမာမွတ်ဟာ ပွဲထွက်ကစားခွင့် ပိုမိုရရှိဖို့အတွက် မန်စီးတီးအသင်းကနေ ထွက်ခွာချင်နေတာကြောင့် အခုလို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ အိုမာမာမွတ်ဟာ ဘာစီလိုနာက စိတ်ဝင်စားနေတဲ့ တစ်ဦးတည်းသော ကစားသမားတော့ မဟုတ်ပါဘူး။ ဟန်စီဖလစ်ရဲ့အသင်းဟာ ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့အတွက်လည်း သတင်းတွေ အပြင်းအထန် ထွက်ပေါ်နေပါတယ်။