ရိုးမားနောက်ခံလူ အီဗန်အန်ဒီကာကို ခေါ်ယူဖို့ ဘာစီလိုနာ ချဉ်းကပ်နေ
ဘာစီလိုနာအသင်းဟာ ရိုးမားနောက်ခံလူ အီဗန်အန်ဒီကာရဲ့ ကိုယ်စားလှယ်တွေဆီကို ဆက်သွယ်စုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နည်းပြ ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာအသင်းဟာ အင်နီဂို မာတီနက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ ပျက်ကွက်ခဲ့ပြီးနောက် လာမယ့်နွေရာသီမှာ ဗဟိုနောက်ခံလူသစ်တစ်ဦး ခေါ်ယူဖို့ ရှာဖွေနေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်နေတာပါ။
Diario Sport ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အသက် ၂၆ နှစ်အရွယ် ရိုးမားနောက်ခံလူ အန်ဒီကာကို မျက်စိကျလာခဲ့ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေထံ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘာစီလိုနာဟာ ရိုးမားအသင်းနဲ့ တိုက်ရိုက်အဆက်အသွယ် မလုပ်ရသေးဘဲ ကစားသမားကိုယ်တိုင်က အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှု ရှိ၊ မရှိဆိုတာကိုပဲ လက်ရှိမှာ အဓိကထား စုံစမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။