The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါင် သန်း ၄၀ တန် ပြင်သစ်ကွင်းလယ်လူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားတဲ့ အာဆင်နယ်

နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်မှာပဲ အာဆင်နယ်အသင်းက ရိုးမားအသင်းကွင်းလယ်လူမာနူကိုနေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၅  နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ရာသီ၊ စီးရီးအေပြိုင်ပွဲမှာ ရိုးမားအသင်းကို အမှတ်ပေးဇယားတတိယနေရာရရှိအောင် ကူညီပေးခဲ့ပြီး အခုနွေရာသီမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးဆီ ပူးပေါင်းလာခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာတီတာက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ သူ့ရဲ့အမှတ်ပေးချန်ပီယံအသင်းကို ပိုမိုအင်အားတောင့်တင်းလာစေဖို့ လာမယ့်လတွေအတွင်း ထိပ်တန်းကစားသမားသစ် သုံးဦး သို့မဟုတ် လေးဦးလောက်အထိ ခေါ်ယူသွားဖို့ ရည်မှန်းထားပါတယ်။

ဂန်းနားတွေက ကိုနေးကို ခေါ်ယူဖို့ အစွမ်းကုန်ကြိုးပမ်းနေပြီး အီတလီမှလာတဲ့သတင်းတွေအရ ပေါင်သန်း ၄၀ ဝန်းကျင်အထိ ရိုမားအသင်းလိုလားနေတဲ့ ဒီကွင်းလယ်လူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

ဒါပေမဲ့ လတ်တလောအင်တာဗျူးတစ်ခုမှာ အနာဂတ်အကြောင်းမေးမြန်းလာမှုကို ကိုနေးက အတိအကျဖြေကြားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

"ရိုးရိုးသားသားပြောရရင် အခုအချိန်မှာ ကမ္ဘာ့ဖလားအကြောင်းပဲ ကျွန်တော်စဉ်းစားထားပါတယ်" လို့ ကိုနေးက ပြောကြားခဲ့ပါတယ်။

"ဒါက ကျွန်တော့်ရဲ့ ပထမဆုံးသော နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးဖြစ်သလို ကျွန်တော် အမြဲတမ်း ကစားချင်ခဲ့တဲ့ အိပ်မက်ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။"

"ကျွန်တော်တော့ ဒါကိုပဲ အပြည့်အဝအာရုံစိုက်ထားချင်ပါတယ်။ ကမ္ဘာ့ဖလားပြီးမှပဲ အနာဂတ်အကြောင်း ဆွေးနွေးသွားပါမယ်။ ပြီးရင်တော့ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။"လို့ ဆက်ပြောခဲ့ပါတယ်။

ရေရှည်အောင်မြင်မှုတွေ ရရှိနိုင်မယ့် အသင်းတစ်ခုတည်ဆောက်ဖို့ဆိုတဲ့ အာဆင်နယ်ရဲ့ရည်မှန်းချက်က ရှင်းလင်းပြတ်သားနေပြီး လာမယ့်ရာသီ၊ လိဂ်ချန်ပီယံဆုကို ကာကွယ်ဖို့ ရည်မှန်းထားတဲ့ အာတီတာအတွက် ကိုနေးကိုခေါ်ယူမှုက ပထမဆုံးခြေလှမ်း ဖြစ်လာနို်ငပါတယ်။