The network connection is lost.

Banner Image

ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင် ပီအက်စ်ဂျီအသင်း အခက်တွေ့နေတယ်လို့ လူးဝစ်အင်းနရစ် ဝန်ခံ

လာမယ့် ဗုဒ္ဓဟူးနေ့ မတ်လ ၁၁ ရက် မှာ ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ အဆုံးအဖြတ် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် သူတို့အသင်းဟာ တကယ့်ကို ရုန်းကန်နေရတယ် လို့ ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ဝန်ခံပြောကြားလိုက်ပါတယ်။ လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နွေရာသီက ကစားခဲ့တဲ့ ၂၀၂၅ ကမ္ဘာ့ကလပ်များဖလား ဗိုလ်လုပွဲနောက်ပိုင်း ချယ်လ်ဆီးနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အဲဒီပွဲတုန်းက ချယ်လ်ဆီးက ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ ပြီးခဲ့တဲ့အဆင့်မှာ မိုနာကိုအသင်းကို ကပ်ပြီးအနိုင်ရခဲ့တဲ့အတွက် လူးဝစ်အင်းနရစ်က နောက်ထပ်တစ်ကြိမ် အရှုံးနဲ့ရင်ဆိုင်ရမှာကို တကယ်ပဲ စိုးရိမ်နေပုံရပါတယ်။ ပွဲမတိုင်ခင်မှာ လူးဝစ်အင်းနရစ်က "ဒါဟာ ရာသီရဲ့ အရေးကြီးဆုံးအချိန်ပါပဲ၊ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို ပြန်ရှာတွေ့ဖို့ လိုအပ်နေပါတယ်" လို့ ပြောခဲ့ပါတယ်။

"ယုံကြည်မှုဆိုတာ Monoprix စူပါမားကက်မှာ သွားဝယ်လို့ရတဲ့အရာမျိုး မဟုတ်ပါဘူး၊ ဒါကို နေ့တိုင်း တည်ဆောက်ယူရတာပါ။ ကျွန်တော်တို့ အခက်အခဲတွေနဲ့ သိသိသာသာ ရုန်းကန်နေရတာ အမှန်ပဲ၊ ဒါပေမဲ့ ဒါကို ပြောင်းလဲနိုင်ဖို့အတွက် မျှော်လင့်ချက်တွေ ဆက်ထားရပါမယ်" လို့လည်း ၎င်းက ဆိုပါတယ်။