The network connection is lost.

Banner Image

အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးပရိသတ်တွေဆီ သတင်းစကားပါးလာတဲ့ လာခရော့စ်

မက်ဆန့်စ်လာခရော့စ်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအတွက် အခုထက်ပိုမိုကောင်းမွန်တဲ့ ရလဒ်မျိုး ထွက်ပေါ်လာဖို့ ထိုက်တန်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။
 
အခုပွဲစဉ်မှာ အာဆင်နယ်က ချဲလ်ဆီးကို နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်သုံးပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ်အသင်း ချဲလ်ဆီးကို နောက်ကနေ လိုက်ကစားပြီး ၂-၁ ရလဒ်နဲ့ အနိုင်ယူခဲ့တာဖြစ်ကာ အခုရာသီ ပရီးမီးယားလိဂ် ၃ ပွဲကစား ၃ ပွဲနိုင် စံချိန်ကို ရရှိစေခဲ့ပါတယ်။
 
ချဲလ်ဆီးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် လာခရော့စ်က သူတို့အသင်းအတွက် အခုထက်ပိုမိုကောင်းမွန်တဲ့ ရလဒ်မျိုးနဲ့ ထိုက်တန်ပေမဲ့ အမှားတွေမှတဆင့် သင်ခန်းစာယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 
 
လာခရော့စ်က "ရှုံးနိမ့်မှုအတွက် ကျွန်တော်တို့ အနည်းငယ် စိတ်မကောင်းဖြစ်ရတာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်"
 
"ကျွန်တော်တို့ အချို့အချက်လေးတွေကိုပဲ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒီကွင်းမှာ ကစားရတာ မလွယ်ကူပေမဲ့ ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်"
 
"ကျွန်တော်တို့ ရှုံးနိမ့်မှုကို လက်ခံပေမဲ့ ဒီရှုံးနိမ့်မှုမှတဆင့် သင်ခန်းစာယူချင်ပါတယ်။ အမှားတွေနဲ့ အဆင်မပြေခဲ့တဲ့ အစိတ်အပိုင်းတွေမှ သင်ခန်းစာယူနိုင်တယ်ဆိုတာ ကောင်းမွန်တဲ့အချက် ဖြစ်ပြီး ကျွန်တော်တို့ ရှေ့ဆက်သွားပြီး ထပ်မံကြိုးစားရပါလိမ့်မယ်"
 
"ပွဲစတင်ပုံ ကောင်းမွန်ခဲ့ပေမဲ့ သူတို့ ဂိုးသွင်းယူသွားပြီးနောက်မှာတော့ ပိုမိုခက်ခဲသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း ကောင်းမွန်တဲ့လှုပ်ရှားမှုတွေနဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်ဆိုတာကို ပြသနိုင်ခဲ့လို့ ဒီရှုံးနိမ့်မှုက အနည်းငယ်နာကျင်ရပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်"
 
"ကျွန်တော်တို့အတွက် အခုထက်ပိုပြီး ရသင့်ရထိုက်တယ်လို့ ထင်ပါတယ်။ ကံတရားက ကျွန်တော်တို့ဘက်မှာ မရှိပေမဲ့ ဒီရလဒ်ကို လက်ခံရပါမယ်။ ဂိုးသွင်းချင်စိတ်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ရှင်းလင်းပြတ်သားခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲပြီးတဲ့အထိ အကောင်းဆုံး စိတ်ဓာတ်ခွန်အားကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် တစ်ဖက်နှစ်ဂိုးစီသရေရလဒ်နဲ့ ထိုက်တန်ခဲ့ပေမဲ့ နောက်တစ်ကြိမ်အတွက် သင်ခန်းစာရရှိခဲ့ပါတယ်"လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ရာသီ၊ အမှတ်ပေးချန်ပီယံဖြစ်သွားတဲ့ အာဆင်နယ်အသင်းရဲ့နောက်မှာ ၃၃ မှတ်အကွာ၊ အဆင့် ၁၀ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ ချဲလ်ဆီးက အခုဘောလုံးရာသီမှာတော့ ဂန်းနားတွေနဲ့ သုံးမှတ်အကွာ၊ အမှတ်ပေးဇယားစတုတ္ထနေရာမှာ ရှိနေပါတယ်။