The network connection is lost.

Banner Image

ကိုင်စီဒိုရဲ့ဒဏ်ရာအခြေအနေအကြောင်း ရှင်းပြချိန် အမှားအယွင်း ကျူးလွန်မိခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ အလွန်ဆို

ယမန်နေ့(တနင်္ဂနွေနေ့)၊ အာဆင်နယ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ချဲလ်ဆီးနည်းပြဇာဘီအလွန်ဆိုက အဓိကကွင်းလယ်ကစားသမားကိုင်စီဒိုရဲ့ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ အကျဉ်းချုပ်ရှင်းပြသွားခဲ့ပါတယ်။

အနောက်လန်ဒန်ကလပ်ရဲ့ အမ်းမရိတ်စ်ကွင်းခရီးစဉ်မှာ အသက် ၂၄ နှစ်အရွယ်ကစားသမား မပါဝင်နိုင်ဘဲ ကွင်းလယ်ဗဟိုနေရာအတွက် လာဗီယာနဲ့ ရီစီဂျိမ်းစ်တို့ ပွဲထွက်လာခဲ့ပါတယ်။

ကိုင်စီဒိုက ဘရိုက်တန်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာအနည်းငယ်သက်သာလာပြီးနောက် ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဒဏ်ရာအခြေအနေ ပိုမိုဆိုးရွားလာခဲ့ပုံရလို့ ပွဲချိန် ၁၄ မိနစ်မှာတင် ကွင်းတွင်းမှ ထွက်ခွာလာခဲ့ရပါတယ်။

ပွဲစဉ်အပြီး အလွန်ဆိုက ကိုင်စီဒိုရဲ့ကြံ့ခိုင်မှုပိုင်းအခြေအနေနဲ့ပတ်သက်လို့ အကျဉ်းရုံးပြောပြရင်း ကွင်းလယ်လူကို ပွဲစဉ်ဆီ အလျင်စလို စေလွှတ်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ကိုင်စီဒိုပြန်လာမယ့်အချိန်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ အလွန်ဆိုက "ကာလရှည် ဒဏ်ရာပြဿနာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ စွန့်စားရမယ့်အခြေအနေကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်မှာ ကျွန်တော်တို့က သူ့ကို ပွဲစဉ်ဆီ စောစောစီးစီး ပြန်ထည့်မိလိုက်ပုံရပါတယ်။ ဒီလိုအမှားမျိုး နောက်ထပ် မလုပ်ချင်တော့ပါဘူး" လို့ ပြောပါတယ်။

ကိုင်စီဒိုအနားယူနေချိန်မှာပဲ ချဲလ်ဆီးက လာမယ့်စက်တင်ဘာ ၉ ရက်၊ ကာရာဘောင်ဖလားပွဲစဉ်မှာ လိဒ်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။