The network connection is lost.

Banner Image

ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် အနိုင်ရရှိမယ်ဆိုရင် လီဗာပူးအတွက် ယုံကြည်မှုနဲ့အားအင်တွေ ပိုမိုရရှိလာနိုင်မယ်လို့ ဘာဘယ်ပြောဆို

လီဗာပူးတိုက်စစ်မှူးဟောင်းရိုင်ယန်ဘာဘယ်က အခုသီတင်းပတ်မှာစတင်တော့မယ့် အသင်းဟောင်းရဲ့ ချန်ပီယံလိဂ်ခရီးစဉ်နဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းက ပြီးခဲ့တဲ့သောကြာနေ့၊ အဝေးကွင်းမှာ အစ်ဆွစ်တောင်းကို ၀-၂ ဂိုးဖြင့် အနိုင်ယူပြီး ဘောလုံးရာသီရာသီသစ်ရဲ့ပထမဆုံးနိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းတွေအရ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ လီဗာပူးက ၄ ကြိမ် အနိုင်ရရှိပြီး အက်သလက်တီကိုမက်ဒရစ်က ၃ ကြိမ် အနိုင်ရရှိလို့ ဗုဒ္ဓဟူးညပိုင်း၊ အန်ဖီးလ်ကွင်းပွဲစဉ်မှာ ကြိုးကြာနီတွေ အနိုင်ရရှိဖို့ ရေပန်းစားနေပါတယ်။

လီဗာပူးအသင်းက ပြိုင်ပွဲစုံနောက်ဆုံးကိုးပွဲဆက် ဂိုးသွင်းယူထားနိုင်သလို အီဆက်လည်း ပုံစံကောင်း ပြန်ရရှိနေလို့ အခုသီတင်းပတ်၊ မာဆေးဆိုဒ်ဆီ ရောက်ရှိလာမယ့် အက်သလက်တီကိုမက်ဒရစ်အတွက် စိုးရိမ်ပူပန်စရာတွေ ရှိနေနိုင်ပါတယ်။

အီရာအိုလာရဲ့အသင်းက အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေအနက် မပါဝင်ပေမဲ့ ဥရောပပြိုင်ပွဲကြောင့် အသင်းအတွက် ကောင်းမွန်တဲ့တွန်းအားတစ်ခု ဘယ်လိုဖြစ်လာစေနိုင်မလဲဆိုတာကို လီဗာပူးအသင်းရဲ့ပွဲနေ့လက်မှတ်တွေ ရောင်းချရာမှာ ဦးဆောင်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ SeatPick နဲ့ တွေ့ဆုံချိန် ဘာဘယ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
 
"ဒါ အီရာအိုလာအတွက် ကြီးမားတဲ့စမ်းသပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြောင့် ကစားသမားတွေနဲ့ နည်းပြအတွက် မတူညီတဲ့ အာရုံစိုက်မှုနဲ့ လှုံ့ဆော်မှုတစ်ခု ပွင့်သွားစေနိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ လူတိုင်းက ဒီပြိုင်ပွဲမှာ ကစားချင်ကြပြီး လီဗာပူးလိုအသင်းမျိုးအတွက်တော့ ပိုမိုပြင်းပြတဲ့ စိတ်ဆန္ဒတွေကို ဖြစ်ပေါ်စေလေ့ရှိပါတယ်"
 
"ဒီပြိုင်ပွဲက သူတို့ရဲ့တစ်ရာသီလုံးစာအခြေအနေအတွက် အကျိုးရှိစေနိုင်သလို ပရီးမီးယားလိဂ်အပေါ် အာရုံပျက်စေတဲ့အရာလို့ မဟုတ်ဘဲ ရရှိလာမယ့် ဆုလာဘ်တစ်ခုအဖြစ် ရှုမြင်ရပါမယ်"
 
"ချန်ပီယံလိဂ်အုပ်စုမဲခွဲမှုက လီဗာပူးရဲ့ဘောလုံးရာသီအတွက် အလွန်ကောင်းမွန်တဲ့ အချက်တစ်ခု ဖြစ်လာစေနိုင်တယ်လို့ ထင်ပါတယ်။ သူတို့က ပြိုင်ပွဲတစ်လျှောက် တဖြည်းဖြည်းချင်းတိုးတက်လာနိုင်သလို သူတို့ရဲ့ကစားဟန်နဲ့ ပုံစံကောင်းကိုလည်း ရှာဖွေနိုင်ပါလိမ့်မယ်။ ကျွန်တော့်အမြင်အရတော့ ဒါက သူတို့အတွက် ညည်းညူနေစရာမလိုတဲ့ မဲခွဲမှုတစ်ခုပါပဲ"
 
"အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ လက်ခံကစားရမယ်ဆိုတာ အကြီးမားဆုံးပွဲစဉ်တစ်ခု ဖြစ်လာနိုင်သလို ကစားသမားတွေအတွက်လည်း ပိုမိုကောင်းမွန်တဲ့ တွန်းအားနဲ့ ယုံကြည်မှုတွေ ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒါက လီဗာပူးအသင်း ဆက်ရှိနေသေးတယ်ဆိုတာကို ကမ္ဘာကြီးကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဘောလုံးဆိုတာ အကြွေစေ့တစ်ခုလိုပါပဲ။ အကြွေစေ့ခေါင်းပန်းလှန်လိုက်တဲ့အခါ တခါတလေ ကိုယ့်ဘက် ကျလာတတ်သလိုမျိုး ရုတ်တရက် အရာအားလုံးက ကောင်းမွန်တဲ့ဘက်ဆီ ပြောင်းလဲသွားနိုင်ပါတယ်" လို့ ဘာဘယ်က ဆိုပါတယ်။
 
အက်သလက်တီကိုမက်ဒရစ်ရဲ့ ရှုံးပွဲမရှိရာသီသစ်စတင်မှုမှတ်တမ်းက ပြီးခဲ့တဲ့စနေနေ့၊ ဘီလ်ဘာအိုကွင်းမှာ သုံးဂိုးပြတ်ရှုံနိမ့်မှုနဲ့အတူ ရပ်တန့်သွားခဲ့ပါတယ်။