The network connection is lost.

Banner Image

လာခရော့စ်ရဲ့နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးနောက်ခံလူဒီဆာစီကို မျက်စိကျနေတဲ့ ခရစ္စတယ်ပဲလေ့စ်

ခရစ္စတယ်ပဲလေ့စ်အသင်းက နောက်ခံလူလာခရော့စ်ကို ချဲလ်ဆီးဆီ ရောင်းချခဲ့ပြီးနောက် ချဲလ်ဆီးခံစစ်မှူးဒီဆာစီကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်လာခရော့စ်က လန်ဒန်တောင်ပိုင်းမှ လန်ဒန်အနောက်ပိုင်းဆီ ပေါင် ၅၂ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး နည်းပြအလွန်ဆိုအတွက် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမတိုင်ခင် အဓိကခေါ်ယူခဲ့တဲ့ ခံစစ်ကစားသမားတစ်ဦး ဖြစ်လာပါတယ်။

RMC Sport ရဲ့ဖော်ပြချက်အရ ပဲလေ့စ်အသင်းကလည်း လာခရော့စ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အသက် ၂၈ နှစ်အရွယ် ဒီဆာစီကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။

ဒီဆာစီက ယမန်နှစ်ဘောလုံးရာသီ၊ ဒုတိယရာသီဝက်မှာ ဝက်စ်ဟမ်းဆီ အငှားသွားရောက်ကစားရင်း ပြိုင်ပွဲစုံ ၁၇ ပွဲအထိ ပါဝင်ကစားကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူက ဝက်စ်ဟမ်းအသင်းရဲ့တန်းဆင်းသွားရမှုကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ 

ဒီနောက်ခံလူက ပြီးခဲ့တဲ့နွေရာသီမှာ ကလပ်အသင်းသစ်တစ်ခုဆီ အပြီးသတ်မပြောင်းရွှေ့နိုင်ခဲ့လို့ အခုနွေရာသီမှာလည်း ချဲလ်ဆီးအသင်းရဲ့အရောင်းစာရင်းမှာ ထပ်မံပါဝင်နေပါတယ်။ ချဲလ်ဆီးဘက်ကတော့ ဒီဆာစီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ဝန်းကျင် အလိုရှိနေပါတယ်။