The network connection is lost.

Banner Image

လာခရွိုင်းစ်ရဲ့နေရာမှာ အစားထိုးဖို့ ဒီဆာဆီကို ခရစ္စတယ်ပဲလေ့စ် မျက်စိကျနေ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မက်ဇန့်စ် လာခရွိုင်းစ် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့တော့မယ့် အခြေအနေအတွက် ပြင်ဆင်တဲ့အနေနဲ့ ချဲလ်ဆီးနောက်ခံလူ အက်ဆဲလ် ဒီဆာစီကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ လာခရွိုင်းစ်ရဲ့နေရာမှာ အသက် ၂၈ နှစ်အရွယ် ပြင်သစ်လူမျိုး ဒီဆာစီဟာ အသင့်တော်ဆုံး အစားထိုးနိုင်မယ့်သူလို့ ပဲလေ့စ်ဘက်က ယူဆနေကြပါတယ်။ ဒီဆာစီရဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံနဲ့ လန်ဒန်မြို့မှာ နေသားကျနေမှုတွေက ပဲလေ့စ်အသင်းအတွက် သူ့ကို စိတ်ဝင်စားစရာ ရွေးချယ်မှုတစ်ခု ဖြစ်စေခဲ့တာပါ။

The Telegraph သတင်းစာရဲ့ အဆိုအရ ဒီဆာစီကို ခေါ်ယူနိုင်ရေးအတွက် ပဲလေ့စ်နဲ့ ချဲလ်ဆီးအသင်းတို့အကြား ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ ဒီနောက်ခံလူဟာ ၂၀၂၅-၂၆ ရာသီရဲ့ ဒုတိယရာသီဝက်မှာ ဝက်စ်ဟမ်းအသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ၁၇ ပွဲမှာ ၁၆ ပွဲအထိ ပွဲထွက်ကစားခွင့်ရခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့် ပြန်လည်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။