The network connection is lost.

Banner Image

အိုလ်မိုနဲ့ ပတ်သက်ပြီး အခြားအသင်းကြီးတွေကို မက်ဆေ့ချ်ပေးပို့လိုက်တဲ့ လိုက်ပ်ဇစ်

လိုက်ပ်ဇစ်အသင်းကတော့ အိုလ်မိုနဲ့ပတ်သက်ပြီး အခြားအသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ မန်စီးတီးနဲ့ ဘိုင်ယန်တို့ကို သတိပေးလိုက်ပါတယ်။

စပိန်သားကို ဘာစီလိုနာ၊ မန်စီးတီးနဲ့ ဘိုင်ယန်တို့က ချိတ်ဆက်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုက်ပ်ဇစ်က သူတို့ကစားသမားရဲ့တန်ကြေးနဲ့ ပတ်သက်ပြီး အသိပေးထားခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်က အိုလ်မိုရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၅၀ ကို ပေးချေဖို့ စိတ်ဝင်စားနေပေမယ့် အခုချိန်မှာတော့ အဆိုပါစာချုပ်ဖျက်သိမ်းကြေးက ကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။

အိုလ်မိုဟာ စပိန်အသင်းယူရိုဖလားရရှိခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ပီဒရီဒဏ်ရာ ရရှိနေချိန်မှာ လိုက်ပ်ဇစ်စတားက စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ပြသနိုင်ခဲ့ပါတယ်။

အဆိုပါစွမ်းဆောင်ရည်တွေကြောင့် အသက် ၂၆ နှစ်သားကို အသင်းတော်တော်များများက စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ လိုက်ပ်ဇစ်စီအီးအို ဂျိုဟန်ကလည်း အိုလ်မိုကို မှန်ကန်တဲ့တန်ကြေးနဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချဖို့ အသင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒန်နီက လက်ရှိမှာ ကျွန်တော်တို့ရဲ့အဖိုးအတန်ဆုံးကစားသမားပါ။ အမေရိကမြေကို ထွက်ခွာလာပြီးနောက် ကျွန်တော်တို့ နောက်တစ်ကြိမ်လေ့ကျင့်ခန်းစတင်နေပါတယ်။ ဘာမှတော့ ဆက်မဖြစ်လာသေးပါဘူး။ သူက ယူရိုပြိုင်ပွဲမှာ အရမ်းကောင်းတဲ့ ခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။ အဲ့တာက ထိပ်တန်းအသင်းတွေကို တံခါးခေါက်လိုက်တယ်ဆိုတာ ရှင်းပါတယ်။ အပြောင်းအရွှေ့တွေက အလုပ်တွေရဲ့အစိတ်အပိုင်းပါ။ ကျွန်တော်တို့ဘက်ကတော့ ရှင်းပါတယ်။

 တန်ကြေးထက်လျော့နည်းတဲ့ကမ်းလှမ်းမှုမျိုးဆိုရင် ဘယ်ကစားသမားကိုမှ မရောင်းပါဘူး။ ကျွန်တော်တို့ ရောင်းချဖို့လည်း ဖိအားမရှိပါဘူး။ ကျွန်တော်တို့မှာ ဝင်ငွေတွေနဲ့ပတ်သက်ပြီး အစီအစဉ်ရှိပါတယ်။ ငွေကြေးလိုအပ်ချက်မရှိပါဘူး။ ကျွန်တော်တို့ကစားသမားတွေကို ဆက်ထိန်းထားနိုင်ဖို့ အခြေအနေကောင်းပါတယ်”လို့ ပလန်ဂီက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာကတော့ လာမာစီယာအကယ်ဒမီထွက်ကစားသမားဟောင်းကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဒါပေမယ့်လည်း အခြားတစ်ဖက်မှာ နီကိုဝီလီယံကို အာရုံစိုက်နေတာကြောင့် အိုလ်မိုကို အရန်အစီအစဉ်အဖြစ်သာ သတ်မှတ်ထားတာဖြစ်ပါတယ်။