The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲမတိုင်ခင် ပြိုင်ဘက်စတားရဲ့အခြေအနေကို ခန့်မှန်းလိုက်တဲ့ ဟိုဝီ

နယူးကာဆယ်အသင်းနည်းပြ ဟိုဝီက လီဗာပူးတိုက်စစ်မှူးသစ် အက်ကီတီကိုဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေကို ခြိမ်းခြောက်နိုင်တယ်လို့ ထောက်ခံလိုက်ပါတယ်။ နယူးကာဆယ်ဟာ အခုနွေရာသီမှာ အသက် ၂၃ နှစ်သားကို အီဆက်နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားခဲ့ပေမယ့် လီဗာပူးအသင်းကသာ လက်ဦးခဲ့ပါတယ်။ ပြင်သစ်သားဟာ ဘုန်းမောက်ကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးအသင်းအတွက် ပွဲဦးထွက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အခုလာမယ့်နယူးကာဆယ်နဲ့ပွဲမှာလည်း အသက် ၂၃ နှစ်သားက အသင်းတိုက်စစ်ကို ဦးဆောင်လာဖွယ်ရှိနေပါတယ်။ နယူးကာဆယ်နဲ့ပွဲမတိုင်ခင် ဟိုဝီက အက်ကီတီကီရဲ့စွမ်းဆောင်ရ်ည်ကို သံသယမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ “ဟူဂိုကို ကျွန်တော်တကယ်ကြိုက်သလို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက သူလုပ်ပြထားပြီးသားပါ။ သူ့ကို ကျွန်တော်အချိန်အတော်ကြာစောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ သူ့မှာ အရည်အချင်းကောင်းတွေရှိနေပါတယ်။ ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာ အဲ့တာကို သူကိုယ်တိုင်ပြသခဲ့ပါတယ်။ သူက ချိန်သားကိုက်ရွှေ့လျားနိုင်သလို ဘောလုံးဉာဏ်လည်းရှိပါတယ်။ လေထဲမှာ ဘောလုံးရယူရာမှာလည်း ကောင်းသလို အဆုံးသတ်လည်းကောင်းတဲ့သူပါ။ 

ခြေထောက် ၂ ဖက်စလုံးအသုံးပြုနိုင်သလို သူ့မှာအရည်အချင်းအများကြီးရှိပါတယ်။ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေကို သူကခြိမ်းခြောက်နိုင်ပါတယ်။ ကျွန်တော်တို့အလုပ်က သူ့ကို ထိန်းချုပ်ဖို့ပါ။ ဒါပေမယ့် သေချာတာက ဒီနှစ်မှာ သူက ခြိမ်းခြောက်နိုင်ပါလိမ့်မယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။