The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်တဲ့ ပီအက်စ်ဂျီကြယ်ပွင့် ဒမ်ဘီလီ

ပီအက်စ်ဂျီတိုက်စစ်မှူး အူစမာနီဒမ်ဘီလီဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာနေပြီး တော့တင်ဟမ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ကစားဖို့ အခြေအနေကောင်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ပီအက်စ်ဂျီဟာ ဗုဒ္ဓဟူးနေ့ည Parc des Princes ကွင်းမှာ တော့တင်ဟမ်ကို လက်ခံကစားမှာဖြစ်ပြီး ဒီပွဲဟာ ရာသီအစောပိုင်းက ကစားခဲ့တဲ့ စူပါဖလားပွဲစဉ်အပြီး ထပ်ဆုံတာကြတာလည်း ဖြစ်ပါတယ်။

ဒမ်ဘီလီဟာ နိုဝင်ဘာလ ၄ ရက်နေ့က ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့ပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။  အဲဒီနောက် ပီအက်စ်ဂျီရဲ့ နောက်ဆုံးပွဲစဉ် ၂ ပွဲနဲ့ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့  L’Equipe သတင်းစာက ဒမ်ဘီလီဟာ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ နည်းပြ လူးဝစ်အင်းနရစ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ အာမခံချက်မရှိသေးပေမဲ့ ဒမ်ဘီလီဟာ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ပြန်သက်သာလာပြီလို့ ခံစားနေရပြီး အသင်းကိုပြန်လာဖို့ ဆန္ဒပြင်းပြနေတယ်လို့ သတင်းက ဖော်ပြခဲ့ပါတယ်။ ဒမ်ဘီလီဟာ ဒီနှစ်ရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အောက်တိုဘာလအစောပိုင်းက အသင်းဟောင်း ဘာစီလိုနာနဲ့ပွဲကိုလည်း လွဲချော်ခဲ့ဖူးပါတယ်။