The network connection is lost.

Banner Image

ဆန်ချိုကို အပြီးသတ်မခေါ်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ ချဲလ်ဆီး

အပြီးသတ်မခေါ်ယူဖို့ ဆုံးဖြတ်ချက်ကြောင့် ချဲလ်ဆီးဟာ ယူနိုက်တက်ကို ပေါင် ၅ သန်း လျော်ကြေးပေးဆောင်ရန် လိုအပ်ပြီဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီက အဲရစ် တန်ဟက်ဂ် နှင့် အဆင်မပြေဖြစ်ပြီးနောက် ယူနိုက်တက်မှ ဆန်ချိုကို ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်တွင် ရှိနေစဉ် ဆန်ချိုဟာ ၄၁ ပွဲတွင် ၅ ဂိုးသွင်းယူကာ ၁၀ ဂိုး ဖန်တီးပေးခဲ့ပြီး ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်တွင် စတုတ္ထနေရာ ရရှိကာ ကွန်ဖရင့်စ်လိဂ်ဖလားကို ရရှိခဲ့ပါတယ်။ ချဲလ်ဆီးဟာ ယခုနွေရာသီတွင် ဆန်ချိုကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူနိုင်တဲ့ ရွေးချယ်ခွင့် ရှိခဲ့သော်လည်း The Athletic ရဲ့ ဖော်ပြချက်အရ ကွန်ဖရင့်စ်လိဂ် ချန်ပီယံတွေဟာ တောင်ပံကစားသမားနှင့် သဘောတူညီမှု မရရှိနိုင်ခဲ့ပါဘူး။

ယူနိုက်တက်က ၂၀၂၁ ခုနှစ်တွင် ဘိုရူးရှား ဒေါ့မွန်မှ ပေါင် ၇၂.၉ သန်းဖြင့် ခေါ်ယူခဲ့တဲ့ ဆန်ချိုဟာ တစ်ပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ တန်ကြေးရှိတဲ့ တစ်နှစ် သက်တမ်း စာချုပ် ကျန်ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆန်ချိုရဲ့ ချဲလ်ဆီးရှိ အနာဂတ်နှင့်ပတ်သက်၍ ပြောကြားရာ အန်ဇို မာရက်စ်ကာ က "အခုကစပြီး ကျွန်တော်တို့ ကလပ်နဲ့ ထိုင်ပြီး လာမယ့်နှစ်အတွက် ဘာတွေ ဖြစ်မလဲဆိုတာ ဆုံးဖြတ်ကြမှာပါ"

"ကျွန်တော်တို့ စတုတ္ထရရင် ဒါကလည်း ဂျေဒွန်ကြောင့်ပါ။ ဒီည ကျွန်တော်တို့ နိုင်ရင် ဒါကလည်း ဂျေဒွန်ကြောင့်ပါပဲ။ ရာသီတစ်ခုမှာ အနည်းငယ် အတက်အကျ ရှိတတ်တာ ပုံမှန်ပါပဲ၊ ဒါက ကစားပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ" လို့ ပြောပါတယ်။ တစ်ချိန်တည်းတွင် ဂယ်ရီ နီဗီးလ်က ရူဘင် အမ်မိုရင် က တန်ဟက်ဂ်ရဲ့ နေရာသို့ အစားထိုး ဝင်ရောက်ခဲ့သော်လည်း ယူနိုက်တက်တွင် ဆန်ချိုအတွက် နေရာမရှိဘူးလို့ ယုံကြည်နေပါတယ်။

"ချဲလ်ဆီးက သူ့ကို ဆက်ထားမယ်လို့ အသံတွေ မထွက်လာတာ နည်းနည်း စိုးရိမ်မိပါတယ်" "နောက်တခါ ယူနိုက်တက်က သူ့နဲ့ လမ်းခွဲကြောင်း သေချာအောင် လုပ်ရမယ်၊ ဂျေဒွန်ရဲ့ ရှုထောင့်ကနေကြည့်ရင်လည်း သူက ယူနိုက်တက်နဲ့ လမ်းခွဲကြောင်း သေချာအောင် လုပ်ရမယ်" လို့ နဗီးလ်က ယခုရက်သတ္တပတ်တွင် ပြောကြားခဲ့ပါတယ်။