The network connection is lost.

Banner Image

အင်္ဂလန်သားကို ယူနိုက်တက်ပြန်လွှတ်ဖို့ စဉ်းစားနေတဲ့ ဘာစီလိုနာ

သတင်းတွေအရ ဘာစီလိုနာအသင်းဟာ တောင်ပံကစားသမား ရက်ရှ်ဖို့ဒ်ကို ၁ ရာသီအငှားနဲ့ ခေါ်ယူထားခဲ့ပေမယ့် ၂ လမတိုင်ခင်မှာတင် ယူနိုက်တက်ထံ ပြန်လွှတ်ဖို့ စဉ်းစားနေတယ်လို့ ဖော်ပြနေကြပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဇူလိုင်လတုန်းက ယူနိုက်တက်ထံ ကနဦးအငှားနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့လမှာတင် မှတ်ပုံတင်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်သားဟာ ယူနိုက်တက်နည်းပြ အာမိုရင်လက်အောက်မှာ ဆန်ချို ၊ ဂါနာချို ၊ အန်တိုနီ ၊ မာလာစီယာတို့နည်းတူ နေရာမရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အယ်လ်နေဆီယွန်နယ်သတင်းဌာနကတော့ ဘာစီလိုနာတာဝန်ရှိသူတွေဟာ ရက်ရှ်ဖို့ဒ်ရဲ့စွမ်းဆောင်ရည်ကို စိုးရိမ်တာကြောင့် ယူနိုက်တက်ထံပြန်လွှတ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

အသက် ၂၇ နှစ်သားဟာ ဘာစီလိုနာရဲ့လာလီဂါအဖွင့်ပွဲစဉ် ၃ ပွဲစလုံးကိုပါဝင်ထားခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့တုန်းက လီဗန်တေးနဲ့ပွဲအတွင်း ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပါတယ်။ အင်္ဂလန်နည်းပြ တူချယ်ကတော့ ရက်ရှ်ဖို့ဒ်အခြေအနေကို မစိုးရိမ်တာဖြစ်ပါတယ်။ ဂျာမန်သားဟာ ယူနိုက်တက်စတားဟောင်းကို အန်ဒိုရာ ၊ ဆားဘီးယားတို့နဲ့ပွဲတွေအတွက် ရွေးချယ်ထားခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်က လာမယ့် အန်ဒိုရာနဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့မျှော်လင့်နေပါတယ်။ ဘာစီလိုနာဟာ လာမယ့်စက်တင်ဘာ ၁၄ ရက်နေ့မှာ ဗလန်စီယာနဲ့ကန်ရမှာဖြစ်ပြီး လာလီဂါပထမဆုံး ၃ ပွဲမှာ ရမှတ် ၇ မှတ်ရယူထားနိုင်ခဲ့ပါတယ်။