The network connection is lost.

Banner Image

ယူနိုက်တက်မှ ထွက်ခွာပြီးနောက် ကာတာကလပ်ရဲ့ ငွေကြေးအမြောက်အမြားနဲ့ ကမ်းလှမ်းမှုကို ဂျေဒန်ဆန်ချို စဉ်းစားနေ

မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် ဂျေဒန်ဆန်ချိုကို ကာတာကလပ် အယ်လ်ရိုင်ယန် (Al-Rayyan) က စာချုပ်ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

အခု အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဆန်ချိုဟာ ၂၀၂၁ ခုနှစ်တုန်းက ဒေါ့မွန်အသင်းမှာ ၄ နှစ်ကြာ အစွမ်းပြနိုင်ခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်းနဲ့ မန်ယူကို ရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့ ကွင်းအတွင်းကွင်းပြင် ပြဿနာအမျိုးမျိုးကြောင့် ဒီအပြောင်းအရွှေ့ဟာ လုံးဝကို မအောင်မြင်ခဲ့ဘဲ ၅ နှစ်တာကာလအတွင်း အငှားထွက်ကစားမှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီနွေရာသီအစောပိုင်းမှာပဲ ဆန်ချိုကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ပါတယ်။

Foot Mercato ရဲ့ ဖော်ပြချက်အရ အသင်းသစ် ရှာဖွေနေတဲ့ တောင်ပံကစားသမား ဆန်ချိုကို ကာတာကလပ် အယ်လ်ရိုင်ယန်က စာချုပ်ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ဆန်ချိုဟာ သူ့ရဲ့အသင်းဟောင်း ဒေါ့မွန်ကို ပြန်သွားဖို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အခုအချိန်အထိတော့ တိကျရေရာတဲ့ အခြေအနေမျိုး မရှိသေးပါဘူး။