The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲစဉ်မှာ အရှက်တကွဲဖြစ်ပြီးနောက် လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ယူနိုက်တက်ကစားသမားဘ၀အပေါ် နောက်တစ်ကြိမ်သံသယတွေ ထွက်ပေါ်လာ

မန်ချက်စတာယူနိုက်တက်မှာ သူ့ရဲ့အနာဂတ် ဆက်လက်ရှိနေဖို့အတွက် လီဆန်ဒရိုမာတီနက်ဇ်ကိုယ်တိုင် ရုန်းကန်တိုက်ဝင်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပေမဲ့ အက်သလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ခြေလည်း ဆက်ရှိနေပါတယ်။

တနင်္ဂနွေနေ့၊ လီဗာပူးနဲ့ပွဲစဉ်မှာ နည်းပြသစ်ပိုချက်တီနိုက ဒီအာဂျင်တီးနားနောက်ခံလူကို ပွဲထွက်ခွင့် ပေးခဲ့ပေမဲ့ ကစားသမားရဲ့စွမ်းဆောင်ရည်ပိုင်းကတော့ ရေရှည်အနာဂတ်အလားအလာအပေါ် မြင့်တက်လာနေတဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးသွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

လီဆန်ဒရိုမာတီနက်ဇ်ရဲ့စာချုပ်က ၂၀၂၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး ယူနိုက်တက်ဘက်ကလည်း သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိပုံ မပြသသေးလို့ ကစားသမားရဲ့အနာဂတ် မရေမရာ ပိုဖြစ်လာပါတယ်။

ယခင်ကတည်းက စပိန်ဘောလုံးလောကကို မြည်းစမ်းလိုတဲ့ ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောဆိုဖူးတဲ့ အသက် ၂၈ နှစ်အရွယ်ကစားသမားအတွက် ပတ်ဝန်းကျင်အပြောင်းအလဲတစ်ခုဆိုတဲ့ ပိုမိုဆွဲဆောင်မှု ရှိလာနိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်။

အက်သလက်တီကိုမက်ဒရစ်က ဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခု ဖြစ်လာနိုင်သလို လာမယ့် ဇန်နဝါရီလမှာတင် ကမ်းလှမ်းမှု ပြုလုပ်လာနိုင်ခြေလည်း ရှိနေပါတယ်။