ဖလော်ရီယန်ဝစ်ဇ်ကို ဘိုင်ယန်မြူးနစ်အတွက် အိပ်မက်ဆန်ဆန် အံဝင်ခွင်ကျဖြစ်လာမယ့်သူလို့ ယုံကြည်နေတဲ့ ဂျိုနသန်တာ
လီဗာပူးကြယ်ပွင့်ဖလော်ရီယန်ဝစ်ဇ်က အနည်းဆုံးတော့ ဘိုင်ယန်မြူးနစ်အသင်းကစာသမားတွေရဲ့ အတွင်းစည်းထဲမှာ ဆက်လက်ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဆီ ဘယ်သူ့ကို လာရောက်ပူးပေါင်းစေချင်သလဲလို့ မေးမြန်းရာမှာ ဂျိုနသန် တာတွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အလျှင်အမြန်ပဲ ဖြေကြားခဲ့ပါတယ်။ t-online ဆီ ဂျိုနသန်တာက "ဖလော်ရီယန်ဝစ်ဇ်ပါ" လို့ ပြောပါတယ်။
အဲဒီအချိန်တုန်း၊ ဘိုင်ယန်မြူးနစ်နဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်က ၂၀၂၅ ခုနှစ်၊ နွေရာသီမှာ လေဗာကူဆင်မှ လီဗာပူးဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဂျိုနသန်တာအတွက်တော့ လေဗာကူဆင်အသင်းဖော်ဟောင်းဖြစ်သလို လက်ရှိဂျာမနီ လက်ရွေးစင်အသင်းဖော်လည်းဖြစ်တဲ့ ဖလော်ရီယန်ဝစ်ဇ်နဲ့ မြူးနစ်မှာ ပြန်လည်ဆုံတွေ့ခွင့်ရဖို့ဆိုတာ အထူးဆန္ဒတစ်ခု ဖြစ်နေပုံရပါတယ်။
ဒီနောက်ခံလူက သူ့ရဲ့ရွေးချယ်မှုနဲ့ပတ်သက်လို့ ကစားသမားရဲ့အားကစားဆိုင်ရာအရည်အသွေးတွေကိုသာမက သူတို့နှစ်ဦးအကြား ရင်းနှီးတဲ့ပုဂ္ဂိုလ်ရေးဆက်ဆံရေးကိုပါ အကြောင်းပြခဲ့ပါတယ်။
"ပထမဆုံးတော့ သူက ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ဦးပါ။ ကွင်းတွင်း သူ့ဆီမှာ ဘယ်လို အရည်အသွေးတွေ ရှိနေသလဲဆိုတာနဲ့ အသင်းတစ်ခုအတွက် သူ ဘာတွေ ဖြည့်ဆည်းပေးနိုင်မလဲဆိုတာကို ကျွန်တော် သိပါတယ်"
"ဒါကြောင့်လည်း သူက သေချာပေါက်မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်" လို့ အသက် ၂၃ နှစ်အရွယ်ကစားသမားနဲ့ ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်ခံစစ်မှူးက t-online ဆီ ရှင်းပြခဲ့ပါတယ်။
နည်းပြအလွန်ဆိုလက်အောက် လေဗာကူဆင်မှာရှိနေချိန် ဂျိုနသန်တာနဲ့ ဖလော်ရီယန်ဝစ်ဇ်တို့က ၂၀၂၄ ခုနှစ်၊ ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်လ်ဖလားအောင်မြင်မှုတို့မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါတယ်။