The network connection is lost.

Banner Image

ကျော်ကြားတဲ့အေးဂျင့် ဖီယာစကိုအားပြောင်းလဲခဲ့ပေမယ့် အသင်းစတားအနာဂတ်ကို မစိုးရိမ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်လူ ကိုင်စီဒိုတစ်ယောက် ကျော်ကြားတဲ့အေးဂျင့် ဖီယာစကိုအားပြောင်းလဲခဲ့ပေမယ့် အနာဂတ်နဲ့ပတ်သက်ပြီး မစိုးရိမ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ အီကွေဒေါသားဟာ ကာလရှည်လက်တွဲခဲ့တဲ့ ဆီရာနဲ့လက်တွဲဖြုတ်ခဲ့တာဖြစ်ပါတယ်။ တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးအသင်းဟာ ကိုင်စီဒိုအနာဂတ်ကို စိုးရိမ်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ချဲလ်ဆီး နဲ့ ကိုင်စီဒိုတို့ကြား စာချုပ်သက်တမ်းက ၂၀၃၁ အထိရှိနေတာဖြစ်ပြီး ၁ နှစ်ထပ်မံသက်တမ်းတိုးခွင့်လည်းပါရှိတာဖြစ်ပါတယ်။ အဆိုပါအခြေအနေအရ ချဲလ်ဆီးအသင်းဟာ တရားဥပဒေအရကော ဘဏ္ဍာရေးအရပါ စင်မြင့်ပေါ်မှာရှိနေတာဖြစ်ပါတယ်။ ကိုင်စီဒိုက လူမှုမီဒီယာပေါ်မှာ သူယုံကြည်ရတဲ့သူကိုသာ ခန့်အပ်ခဲ့တယ်ဆိုတဲ့စာသားကို ထည့်ခဲ့ပေမယ့် အချိန်ခနတာအတွင်းမှာ အဆိုပါစာသားကို ပြန်လည်ဖျက်ချခဲ့တယ်လို့ သိရပါတယ်။

ကိုင်စီဒို နဲ့ ဆီရာတို့ကြား တရားဝင်လမ်းခွဲမှုက သြဂုတ်လ ၁၄ ရက်နေ့က အပြီးသတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သူ့အနေနဲ့ အလီဘာရက်တ်ကိုယ်စားပြုမဟုတ်တော့တာဖြစ်ပါတယ်။ လက်ရှိမှာ ကိုင်စီဒိုတစ်ယောက် ခရစ္စဖာနဲရဲ့လက်အောက်မှာရှိနေခဲ့ပြီဖြစ်ပါတယ်။ ဖာနဲဟာ ကျော်ကြားတဲ့သူတစ်ဦးဖြစ်သလို ရော်နယ်ဒိုတစ်ယောက် ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးအချိန်ကာလမှာတုန်းက အတူတူလက်တွဲခဲ့ဖူးတာဖြစ်ပါတယ်။

IPS Law မှာ မန်စီးတီးစတားဟောင်း ကိုလာရော့ဗ်အပြင် တိုင်ဆန်ဖျူရီ ၊ မာတီနက်ဇ်တို့လိုကစားသမားတွေပါဝင်နေပါတယ်။ သူ့ရဲ့ဘိုင်အိုမှာ “ခရစ္စဟာ ပရီးမီးယားလိဂ် နဲ့ ဘောလုံးအသင်းတော်တော်များများကို အကြံပေးရာမှာ ဦးဆောင်ပါတယ်။ ဒါ့အပြင် မီဒီယာအေးဂျင့်အပြင် ကျော်ကြားတဲ့ကစားသမားတစ်ဦးချင်းစီကိုလည်း ဦးဆောင်ပါတယ်။ သူက ပုံရိပ်အသုံးပြုခွင့် ၊ third-party ပိုင်ဆိုင်မှုပြဿနာ ၊ ကစားသမားအပြောင်းအရွှေ့ ၊ စာချုပ်ကိစ္စတွေ ၊ စပွန်ဆာကိစ္စတွေအပြင် ၊ ဆေးကိစ္စကြားနာခြင်းစတာတွေကို တာဝန်ယူပါတယ်”လို့ ကြေညာချက်မှာ ပါဝင်နေပါတယ်။

လီဗာပူးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ကိုင်စီဒိုရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။ “သူ(ကိုင်စီဒို)မှာ အရာအားလုံးရှိနေပါတယ်။ တကယ်ကောင်းတဲ့ကွင်းလယ်လူပါ။ ကွင်းထဲမှာ အကောင်းဆုံးကစားသမားဖြစ်သလို တကယ်လို့ လီဗာပူးမှာ သူ့လိုကစားသမားမျိုးရှိမယ်ဆိုရင် သူတို့အနိုင်ရနိုင်ပါတယ်။ မနှစ်ကတုန်းက ဂရာဗန်ဘာ့ဂျ် ၊ ရိုက်စ် ၊ ရိုဒရီတို့က အကောင်းဆုံးလို့ပြောနေပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကိုင်စီဒိုက ပရီးမီးယားလိဂ်အကောင်းဆုံးကွင်းလယ်လူပါ”လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း နဗီးလ်ရဲ့မှတ်ချက်ကို စခိုးလ်က သဘောမတူပဲ လက်ရှိမှာ ကိုင်စီဒိုက ပရီးမီးယားလိဂ်အကောင်းဆုံးလို့ မမြင်မိကြောင်း ပြောကြားခဲ့ပါတယ်။ အေးဂျင့်အပြောင်းအလဲတွေရှိနေပေမယ့် ချဲလ်ဆီးဘက်ကတော့ သူတို့စတားအနာဂတ်ကို မစိုးရိမ်တာဖြစ်ပါတယ်။ လာမယ့်အောက်တိုဘာ ၁၈ ရက်နေ့မှာ ချဲလ်ဆီးဟာ နော်တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။