နာပိုလီစတားကို ချိတ်ဆက်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်တဲ့ စလော့
လီဗာပူးအသင်းနည်းပြ စလော့က နာပိုလီစတား ခဗာရက်စ်ခီလီယာကို ချိတ်ဆက်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ အခုဆောင်းဈေးကွက်မှာ နာပိုလီတောင်ပံကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ မာဆေးလ်အခြေစိုက်အသင်းဘက်ကတော့ ခဗာရက်စ်ခီလီယာကို ဆာလက်နေရာအတွက် အစားထိုးဖို့ ချိတ်ဆက်နေတာလို့ သိရပါတယ်။
သတင်းတွေအရ လီဗာပူးအသင်းဟာ ချီယေဆာကို ပြန်လည်ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ပေါင် ၆၇ သန်းတန် ခဗာရက်စ်ခီလီယာကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လိ့ု သိရပါတယ်။ ဒါပေမယ့်လည်း စလော့က မိမိတို့အသင်းဟာ ဂျော်ဂျီယာစတားကို ချိတ်ဆက်နေခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
“အဲ့တာက ဇန်နဝါရီအပြောင်းအရွှေ့ပါ။ ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ကျွန်တော် အဲ့တာကိုပြောခဲ့ပါတယ်။ အသင်းတော်တော်များများရဲ့ကစားသမားတွေကို ကျွန်တော်တို့က စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်နေပါတယ်။ မှန်ပါတယ်။ အဲ့လိုလည်းဖြစ်နိုင်ပါတယ်။ ၁၀ ကြိမ်မှာ ၉ ကြိမ် ၊ အကြိမ် ၁၀၀ မှာ ၉၉ ကြိမ်က အဲ့လိုပဲသတင်းထွက်ခဲ့တာပါ။ အပြောင်းအရွှေ့အဆုံးသတ်မှာ ဒီသတင်းတွေက မမှန်ကန်ဘူးဆိုတာကို ပြသနေပါတယ်။
ဒါကြောင့် ကျွန်တော်ဒီသတင်းတွေနဲ့ပတ်သက်ပြီး ဘာမှတ်ချက်ပေးရမှာလဲဗျ?။ ပြီးတော့ ဒီသတင်းတွေက ဆက်ဖြစ်နေမှာပါ။ ဒါပေမယ့် ကျွန်တော့်ဘက်က ဘာမှပြောစရာမရှိပါဘူး”လို့ စလော့က ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ စလော့တ်လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပြီး လာမယ့်စနေနေ့ အက်ဖ်အေဖလားမှာ စတန်လေအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။