The network connection is lost.

Banner Image

ဘရိုက်တန်အသင်းမှာ ဆက်ရှိဖို့ မသေချာပေမဲ့ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့ အဒမ်ဝက်ဘ်စတာ ပစ်မှတ်ထားနေ

ဘရိုက်တန်နောက်ခံလူ အဒမ်ဝက်ဘ်စတာဟာ လာမယ့်သီတင်းပတ်တွေအတွင်း လေ့ကျင့်ရေးကွင်းထဲ ပြန်ဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဝက်ဘ်စတာဟာ ရာသီမစတင်ခင်ကတည်းက ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ဒီရာသီမှာ တစ်ပွဲမှ ပါဝင်ကစားနိုင်ခြင်း မရှိသေးတာပါ။

လာမယ့်နွေရာသီမှာ သူဟာ ဘရိုက်တန်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ကစားသမားဘက်ကရော၊ ကလပ်အသင်းဘက်ကပါ တစ်စုံတစ်ရာ အတည်ပြုထားခြင်း မရှိသေးပါဘူး။

ဝက်ဘ်စတာက အသင်းရဲ့ တရားဝင် ပေါ့ဒ်ကတ်စ် (Podcast) မှာ "ကျွန်တော် ဘရိုက်တန်မှာ ရှိခဲ့တဲ့ ခုနစ်နှစ်တာအတွင်း အခုအချိန်ဟာ ကြံ့ခိုင်မှုအကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်။ ဒါဟာ တကယ်ကို အားတက်စရာ ကောင်းတဲ့အချက်ပါပဲ။ အခုကတော့ မြက်ခင်းပြင်ပေါ် ပြန်ဝင်ပြီး ပြေးလွှားနိုင်ဖို့ပဲ ကျန်ပါတော့တယ်။ ဒါတွေကို မလုပ်ဖြစ်တာ ကြာပါပြီ။ ပထမဆုံး ဘောလုံးဖျက်ထုတ်တာတွေကအစ အကုန်လုံးက စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ။ ဒါတွေလုပ်လို့ရပြီလို့ ကိုယ့်ဦးနှောက်က လက်ခံလာအောင် ထပ်တလဲလဲ လေ့ကျင့်သွားမယ်ဆိုရင် အခြေအနေတွေ ပိုကောင်းလာပါလိမ့်မယ်။ ဒါက ကျွန်တော့်အတွက် နောက်ထပ် လုပ်ဆောင်ရမယ့် အဆင့်တစ်ခုပါပဲ။ မျှော်လင့်ထားသလိုဆိုရင် နောက်ထပ် ၂ လ ဒါမှမဟုတ် ၃ လအတွင်းမှာ ကျွန်တော် ကွင်းထဲ ပြန်ရောက်လာပြီး ဒီဒဏ်ရာကိစ္စတွေက အတိတ်က ပုံပြင်တစ်ခုလိုပဲ ကျန်ရစ်တော့မှာပါ။ အဆိုးဆုံး အချိန်တွေကိုတော့ အခု ကျော်ဖြတ်ပြီးသွားပါပြီ" လို့ ပြောကြားခဲ့ပါတယ်။